ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ဟောရှေ 10:13 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။ Common Language Bible သို့ရာတွင်သင်တို့သည်ဒုစရိုက်မျိုးစေ့ကို စိုက်ပျိုး၍ဒုစရိုက်အသီးအနှံကိုရိတ် သိမ်းကြ၏။ သင်တို့သည်မုသား၏ဒုစရိုက် အသီးအနှံကိုစားကြပြီ။ ``သင်တို့သည်သင်တို့၏စစ်ရထားများနှင့် စစ်သည်အင်အားကြီးမားခြင်းကိုအားကိုး ကြခြင်းကြောင့်၊- Garrad Bible သင် တို့ သည် ဆိုး သွမ်း ခြင်း ကို ထယ် ထိုး သည့် အ လျောက်၊ ဒု က္ခ ကို ရိတ် သိမ်း ခဲ့ ကြ လေ စွ။ ကိုယ့် အ လေ့ အ လာ၊ ကိုယ့် သူ ရဲ အ လုံး အ ရင်း ၌၊ ကိုး စား ပြီး ဖြစ်၍၊ စိတ် ပျက် ခြင်း အ သီး ကို စား ခဲ့ ရ ကြ သည် တ ကား။ Judson Bible သင်တို့သည် ဒုစရိုက်မျိုးစေ့ကိုကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသားအသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံစည် ပြုမူခြင်းကိုလည်းကောင်း၊ ကိုယ်၌ များစွာသော သူရဲတို့ကိုလည်းကောင်း ကိုးစားတတ်၏။ |
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ထို့ကြောင့် သူတို့သည် မိမိတို့ပြုမူကျင့်ကြံသောအမှုအရာ၏အသီးကိုစား၍ မိမိတို့၏အကျင့်အကြံများနှင့် ဝအီကြလိမ့်မည်။
မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။ မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။
လူသည် မိမိနှုတ်၏အသီးအပွင့်မှ ကောင်းသောအရာကိုစားရ၏။ သစ္စာမဲ့သောသူတို့၏စိတ်ဆန္ဒကား ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
သင်စိုက်ပျိုးသောနေ့၌ပင် အပင်ကြီးထွားအောင်၊ သင်မျိုးစေ့ချသောနံနက်၌ပင် ဖူးပွင့်အောင် ပြုသော်လည်း မပျောက်နိုင်သောဝေဒနာဆိုး ကျရောက်သောနေ့ရက်၌ ရိတ်သိမ်းခြင်းသည် ရှိတော့မည်မဟုတ်။
“ဧဖရိမ်သည် မုသားသုံး၍ ငါ့ကိုလှည့်စား၏။ အစ္စရေးအမျိုးအနွယ်သည် ငါ့ကိုလိမ်လည်လှည့်ဖြား၏။ ယုဒသည် သန့်ရှင်း၍ သစ္စာစောင့်သောဘုရားကို ဆန့်ကျင်လေပြီ။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။
သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။