ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ဟောရှေ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။ Common Language Bible ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။ Garrad Bible ယု ဒ ဘု ရင် ဩ ဇိ မင်း၊ ယော သံ မင်း၊ အာ ခတ် မင်း၊ ဟေ ဇ ကိ မင်း တို့ နှင့်၊ ယော ရှ မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယေ ရော ဗောင် မင်း လက် ထက်၊ ဗေ ရိ သား ဟော ရှေ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ပြန် ကြား ပေ အံ့။ Judson Bible ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏သား ဟောရှေသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် အစအဦးဟူမူကား၊ |
ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။
ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
အာဇရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။
အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ
သန့်ရှင်းသောပူဇော်သက္ကာများမှာ နွားအကောင်ခြောက်ရာ၊ သိုးအကောင်သုံးထောင် ဖြစ်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍
ဟောရှေကျမ်း၌ “ငါ၏လူမျိုးမဟုတ်သောသူကို ‘ငါ၏လူမျိုး’ဟူ၍လည်းကောင်း၊ မချစ်သောသူကို ‘ချစ်သောသူ’ဟူ၍လည်းကောင်း ငါခေါ်မည်။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။