Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 1:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အမိတ္တဲ​၏​သား​ယောန​ထံသို့ ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သည်၊ အ မိ တ္တဲ၏ သား ယော န ထံ ရောက် လာ သည် ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​မိ​တ္တဲ၏​သား ယော​န​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 1:1
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ဂိတ္တဟေဖာ​မြို့​နေ အမိတ္တဲ​၏​သား မိမိ​အစေအပါး​ပရောဖက်​ယောန​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​စကား​အတိုင်း ယေရောဗောင်​မင်းကြီး​သည် လီဘိုဟာမတ်​မြို့​မှ အရာဗ​ပင်လယ်​တိုင်အောင် အစ္စရေး​နယ်နိမိတ်​တစ်လျှောက်​ကို ပြန်လည်​သိမ်းယူ​ခဲ့​၏​။


ခြင်္သေ့​ဟိန်းဟောက်​သောအခါ မ​ကြောက်​သော​သူ ရှိ​သလော​။ ဘုရားရှင်​ထာဝရဘုရား​မိန့်ဆို​သောအခါ ပရောဖက်​မ​ပြု​ဘဲ နေ​ဝံ့​သူ ရှိ​သလော​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယောန​ထံသို့ ဒုတိယအကြိမ် ရောက်လာ​ပြီး


ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။


တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ