Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 29:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​မှာ နွား​အကောင်​ခြောက်​ရာ​၊ သိုး​အကောင်​သုံး​ထောင် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ထို ပြင်၊ သီး သန့် ထား သော အ ရေ အ တွက် ကား၊ နွား ခြောက် ရာ၊ သိုး ဆိတ် သုံး ထောင် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ပူ​ဇော်​သော​ဥ​စ္စာ​ပေါင်း​ကား၊ နွား​ခြောက်​ရာ၊ သိုး​သုံး​ထောင်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 29:33
4 ပူးပေါင်းရင်းမြစ်များ  

လူအစုအဝေး​တို့ ယူဆောင်​လာ​သော မီးရှို့ရာယဇ်​အရေအတွက်​မှာ နွား​အကောင်​ခုနစ်ဆယ်​၊ သိုးထီး​အကောင်​တစ်ရာ​၊ သိုးသငယ်​အကောင်​နှစ်ရာ ဖြစ်​၏​။ ဤ​အရာ​အားလုံး​သည် ထာဝရဘုရား​ထံ​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။


သို့သော် ယဇ်ပုရောဟိတ်​အင်အား​နည်း​သောကြောင့် မီးရှို့ရာယဇ်ကောင်​အားလုံး​၏​အရေခွံ​ကို မ​ခွာ​နိုင်​။ ထို့ကြောင့် သူ​တို့​၏​ညီအစ်ကို လေဝိ​အမျိုး​တို့​သည် အမှု​အားလုံး​ပြီးစီး​သည်​အထိ​၊ အခြား​ယဇ်ပုရောဟိတ်​တို့ မိမိကိုယ်ကို သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​သည့်​အချိန်​အထိ သူ​တို့​ကို ကူညီ​ကြ​၏​။ အကြောင်းမူကား လေဝိ​အမျိုး​တို့​သည် ယဇ်ပုရောဟိတ်​တို့​ထက်ပင် စိတ်နှလုံး​ဖြောင့်မှန်​၍ မိမိ​တို့​ကိုယ်ကို​သန့်ရှင်း​စေ​သော​သူ​များ ဖြစ်​ကြ​၏​။


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး လက်ထက်​၌ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်နိမိတ်​။


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ