Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 14:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ယော ရှ မင်း သား တော် ယု ဒ ဘု ရင် အာ မ ဇိ မင်း နန်း စံ ဆယ့် ငါး နှစ် တွင် ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သား တော့် ယေ ရော ဗောင် မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌၊ လေး ဆယ့် တစ် နှစ် စိုး စံ ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 14:23
13 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က ယေဟု​အား “​သင်​သည် ငါ့​ရှေ့​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြု​လေ​ပြီ​။ အာဟပ်​မင်းမျိုးမင်းနွယ်​ကို ငါ​ပြု​စေ​လို​သည့်​အတိုင်း သင်​ပြု​သောကြောင့် သင်​၏​သားစဉ်မြေးဆက်​လေး​ဆက်​တိုင်တိုင် အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ ယေရောဗောင်​သည် သူ​၏​ရာဇပလ္လင်​တွင် စံမြန်း​လေ​၏​။


ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​အာမဇိ နန်းတက်​၏​။


ကျန်ရှိ​နေ​သော ယဟောရှ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ခမည်းတော်​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​ပြီးနောက် အာဇရိ​မင်းကြီး​သည် ဧလတ်​မြို့​ကို ပြန်လည်​တည်ဆောက်​ပြီး ယုဒ​ပြည်​အပိုင်​ဖြစ်​စေ​၏​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို​လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​ခဲ့​သည့်​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​အမည်​ကို ကောင်းကင်​အောက်​တွင် ပယ်ဖျက်​ပစ်​မည်​ဟု မိန့်​တော်မူ​ခြင်း​မ​ရှိ​သောကြောင့် ယောရှ​မင်းကြီး​၏​သား​တော် ယေရောဗောင်​လက်​ဖြင့် သူ​တို့​ကို ကယ်တင်​တော်မူ​၏​။


အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​၏​သား​တော်​အာဇရိ နန်းတက်​၏​။


ဤ​သူ​အပေါင်း​တို့​သည် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​လက်ထက်​နှင့် အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် မျိုးရိုးစဉ်ဆက်​စာရင်းဝင်သူ​များ ဖြစ်​ကြ​၏​။


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။


ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက်​နှင့် ယောရှ​၏​သား အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက် ငလျင်​မ​လှုပ်​မီ နှစ်​နှစ်​တွင် တေကော​မြို့သား သိုးထိန်း​အာမုတ်​သည် အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ မြင်​ရ​သည့်​အတိုင်း ဆင့်ဆို​သော​စကား​မှာ ဤသို့​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ