“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
သြဗဒိ 1:5 - မြန်မာ့စံမီသမ္မာကျမ်း “ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။ Common Language Bible ``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊ မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။ စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊ စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။ သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။ Garrad Bible ပယ် ရှား ခံ ရ သော အို လူ မျိုး ညဉ့် အ ခါ ခိုး သား ဓား ပြ တို့ လာ လျှင် အ လို ရှိ သ လောက် ခိုး တိုက် မည်။ စ ပျစ် သီး ဆွတ် သူ တို့ ရောက် လာ လျှင် ကောက် သင်း ကောက် ရန် မျှ ချန် မည် မ ဟုတ် လော။ Judson Bible ညအခါ သူခိုးဓားပြတို့သည် သင်ရှိရာသို့ လာလျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။ |
“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်မှ ကျလေပြီတကား။ တိုင်းနိုင်ငံတို့ကို အောင်နိုင်သောသင်သည် မြေသို့တိုင်ခုတ်လှဲခြင်းခံရလေပြီတကား။
သံလွင်သီးကိုရိုက်ခြွေသောအခါ အပင်ထိပ်ဖျား၌ သံလွင်သီးနှစ်လုံးသုံးလုံး၊ အသီးများသော အခက်အလက်တို့၌ လေးငါးလုံး ကောက်သင်းကောက်ရန်ကြွင်းကျန်သကဲ့သို့ ကြွင်းကျန်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။
စပျစ်သီးခူးသူတို့သည် စပျစ်သီးလာခူးသောအခါ ကောက်သင်းကောက်သူအတွက် ချန်ထားတတ်၏။ သူခိုးသည်လည်း ညအချိန် လာခိုးသောအခါ လိုချင်သောအရာကိုသာ ခိုးယူသွားတတ်၏။
မြေတစ်ပြင်လုံးကို ထုနှက်ခဲ့သောတူကြီး အချိုးခံလိုက်ရပါပြီတကား။ ကျိုးပဲ့သွားပါပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စပျစ်သီးအကြွင်းအကျန်တို့ကို တစ်လုံးမကျန်ဆွတ်ခူးသကဲ့သို့ အစ္စရေးလူမျိုးအကြွင်းအကျန်တို့ကို ဆွတ်ခူးကြလိမ့်မည်။ စပျစ်သီးဆွတ်ခူးသောသူကဲ့သို့ သင့်လက်ကို စပျစ်နွယ်များကြားသို့ လှမ်းလိုက်ဦးလော့”ဟု မိန့်တော်မူ၏။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
သင်၏စပျစ်ခြံမှ စပျစ်သီးကိုဆွတ်ခူးပြီးနောက် ကောက်သင်းမကောက်ရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။