Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သြ​ဗ​ဒိ 1:5 - Common Language Bible

5 ``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊ မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။ စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊ စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။ သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ပယ် ရှား ခံ ရ သော အို လူ မျိုး ညဉ့် အ ခါ ခိုး သား ဓား ပြ တို့ လာ လျှင် အ လို ရှိ သ လောက် ခိုး တိုက် မည်။ စ ပျစ် သီး ဆွတ် သူ တို့ ရောက် လာ လျှင် ကောက် သင်း ကောက် ရန် မျှ ချန် မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ည​အ​ခါ သူ​ခိုး​ဓား​ပြ​တို့​သည် သင်​ရှိ​ရာ​သို့ လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ ခိုး​ယူ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ စ​ပျစ်​သီး​ကို ဆွတ်​သော​သူ​တို့​သည် လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 “ညအချိန် သင့်​ကို သူခိုး​ဓားပြ​ဝင်တိုက်​လျှင် သင်​မည်မျှ​ဆုံးရှုံး​သွား​မည်နည်း​။ သူ​တို့​လိုချင်​သော​အရာ​ကို​သာ ယူသွား​ကြ​မည်​မ​ဟုတ်​လော​။ သင့်​ခြံ​၌ စပျစ်သီး​လာခူး​ကြ​လျှင် ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​ကြ​သည်​မ​ဟုတ်​လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သြ​ဗ​ဒိ 1:5
13 ပူးပေါင်းရင်းမြစ်များ  

``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။ သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။


အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-


လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။


လူ​တို့​သည်​စ​ပျစ်​သီး​များ​ကို​လာ​၍​ဆွတ် ခူး​ကြ​သော​အ​ခါ စ​ပျစ်​ကိုင်း​များ​တွင်​အ သီး​အ​နည်း​ငယ်​ချန်​ထား​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​ဋ္ဌား​ပြ​များ​လာ​ရောက်​လျှင်​လည်း မိ​မိ​တို့​နှစ်​သက်​ရာ​ပစ္စည်း​များ​ကို​သာ လျှင်​ယူ​သွား​တတ်​ကြ​၏။-


ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။


အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။


လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။


မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-


ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။


စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-


သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ