အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သြ​ဗ​ဒိ 1:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဇိ အုန် တောင် ပေါ်၌ ဘေး လွတ် သူ တို့ ကျန် နေ မည့် အ လျောက် ထို တောင် တော် သန့် ရှင်း ရာ ရောက် ပြန် မည်။ ယာ ကုပ် အ မျိုး သား တို့ လည်း ကိုယ့် ပိုင် ရာ ပြန် ရ ကြ ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



သြ​ဗ​ဒိ 1:17
25 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် ဘုရားသခင်​သည် ဇိအုန်​ကို​ကယ်တင်​၍ ယုဒ​ပြည်​ရှိ​မြို့​များ​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​။ ထိုအခါ သူ​တို့​သည် ထို​အရပ်​တွင်​နေထိုင်​လျက် ၎င်း​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။


ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။


ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။


ငါ​၏​ဖြောင့်မတ်​ခြင်း​ကို အနီး​သို့​ငါ​ဆောင်​ခဲ့​ပြီ​။ အဝေး​၌​ရှိ​သည်​မ​ဟုတ်​။ ငါ​၏​ကယ်တင်​ခြင်း​သည် နှောင့်နှေး​မည်​မ​ဟုတ်​။ ကယ်တင်​ခြင်း​ကို ဇိအုန်​တောင်​၌ ငါ​ထား​မည်​။ ငါ​၏​ဂုဏ်ကျက်သရေ​ကို အစ္စရေး​လူမျိုး​အား ငါ​ပေး​မည်​။


သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။


ယာကုပ်​မှ သားမြေး​များ​ကို​ထွန်းကား​စေ​၍ ယုဒ​အမျိုးအနွယ်​မှ ငါ့​တောင်​များ​ပိုင်ဆိုင်​မည့်​သူ​ကို ငါ​ထွက်ပေါ်​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​များ​သည် အမွေဆက်ခံ​၍ ငါ​၏​အစေအပါး​များ​သည် ထို​အရပ်​၌​နေ​ကြ​လိမ့်မည်​။


အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။


အီဂျစ်​ပြည်​သို့​သွားရောက်​နေထိုင်​သော​ယုဒ​အမျိုး​အကြွင်းအကျန်​တို့​တွင် လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်မျှ​ရှိ​မည်​မ​ဟုတ်​။ ယုဒ​ပြည်​သို့ ပြန်လာ​နေထိုင်​လို​သော်လည်း ပြန်လာ​ခွင့်​ရ​မည်​မ​ဟုတ်​။ လွတ်မြောက်​သော​သူ​သာ ပြန်လာ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ဓားဘေး​မှ​လွတ်မြောက်​သော​သူ​အနည်းငယ်​တို့​သည် အီဂျစ်​ပြည်​မှ​ယုဒ​ပြည်​သို့ ပြန်လာ​ကြ​လိမ့်မည်​။ ထိုအခါ သူ​တို့​စကား​တည်​သလော​၊ ငါ့​စကား​တည်​သလော​။ မည်သူ့​စကား​တည်​သည်​ကို အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​သော ယုဒ​လူ​အကြွင်းအကျန်​ရှိသမျှ​တို့ သိ​ရ​ကြ​လိမ့်မည်​။


အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​လူမျိုး​တော်​အစ္စရေး​ကို သင်​တို့​ပေါ်တွင် သွားလာ​စေ​မည်​။ သူ​တို့​သည် သင့်​ကို အမွေမြေ​အဖြစ် အပိုင်​သိမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​သားသမီး​တို့​ကို သင်​တို့​ဆုံးရှုံး​စေ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။


သို့သော် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​က​သာလျှင် နိုင်ငံ​တော်​ကို သိမ်းယူ​ကြ​လိမ့်မည်​။ ထို​နိုင်ငံ​ကို ကာလ​အစဉ်အဆက်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟု ငါ့​အား ပြောပြ​၏​။


ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။


“ဤသို့ဖြင့် ငါ​သည် သန့်ရှင်း​ရာ​တောင်​တော် ဇိအုန်​တွင် ကိန်းဝပ်​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် သန့်ရှင်း​သော​မြို့ ဖြစ်​လိမ့်မည်​။ တစ်ပါးအမျိုးသား​တို့​သည် ထို​မြို့​ကို ဘယ်သောအခါမှ ကျော်နင်း​ခွင့်​ရ​ကြ​တော့​မည်​မ​ဟုတ်​။


သင်​တို့​သည် ငါ့​ရွှေ​ငွေ​တို့​ကို သိမ်းယူ​ပြီး အဖိုးတန်​ရတနာ​တို့​ကို​လည်း သင်​တို့​၏​ဗိမာန်​များ​ထဲသို့ သွင်း​ကြ​ပြီ​။


ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အပြစ်ပြု​သော​တိုင်းနိုင်ငံ​ကို ဘုရားရှင်​ထာဝရဘုရား စောင့်ကြည့်​တော်မူ​၏​။ ထို​တိုင်းနိုင်ငံ​ကို မြေပြင်​ပေါ်​မှ အဆုံးသတ်​ဖျက်ဆီး​ပစ်​မည်​ဖြစ်​သော်လည်း ယာကုပ်​အမျိုးအနွယ်​ကို အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။


အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။


ထာဝရဘုရား​က ‘ဇိအုန်​မြို့​သို့ ငါ​ပြန်လာ​မည်​။ ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​မည်​။ ဂျေရုဆလင်​မြို့​သည် သစ္စာစောင့်​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​တောင်​တော်​၊ သန့်ရှင်း​သော​တောင်​တော်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ ထို​မြို့​ထဲသို့​ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ရွံရှာ​ဖွယ်​သော​အမှု​နှင့်​လိမ်လည်​မှု​တို့​ကို​ပြုကျင့်​သော​သူ​သည်​လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်​တော်​၏​အသက်​စာစောင်​တွင် စာရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ရ​ကြ​လိမ့်မည်။