ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
သူကြီး 9:57 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ရှေခင်အမျိုးသားတို့ပြုခဲ့သောမကောင်းမှုအလုံးစုံတို့ကို သူတို့၏ခေါင်းပေါ်သို့ ပြန်ကျစေတော်မူ၏။ ယေရုဗ္ဗာလ၏သားယောသံ၏ကျိန်ခြင်းသည် သူတို့အပေါ် ကျရောက်လေ၏။ Common Language Bible ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။ Garrad Bible ရှေ ခင် မြို့ သား တို့ ပြု သ မျှ သော ဆိုး သွမ်း မှု ကို လည်း ချင်း တို့ ဦး ထိပ် ထက် ရောက် စေ တော် မူ သ ဖြင့် သူ တို့ အ ပေါ် သို့ ယေ ရု ဗ္ဗာ လ သား ယော သံ ကျိန် ဆို သော အ မင်္ဂ လာ သက် ရောက် သ တည်း။ Judson Bible ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင် ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။ |
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
အာဟပ်မင်းကြီးလက်ထက်တွင် ဗေသလမြို့သား ဟိဧလသည် ဂျေရိခေါမြို့ကို ပြန်လည်တည်ဆောက်၏။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း မြို့တော်အုတ်မြစ်ချချိန်တွင် သားဦးအဘိရံကို စတေးခဲ့ရပြီး မြို့တံခါးတည်ဆောက်ချိန်တွင် သားထွေးစေဂုပ်ကို စတေးခဲ့ရ၏။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်
ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။
အဘိမလက်သည် ထိုနေ့တစ်နေ့လုံး ထိုမြို့ကိုတိုက်ခိုက်ပြီး မြို့ကိုသိမ်းယူ၍ မြို့သားတို့ကို သတ်ပစ်၏။ မြို့ကိုဖျက်ဆီးပြီး ဆားနှင့် ပက်လေ၏။
အဘိမလက်သည် မိမိညီအစ်ကို အယောက်ခုနစ်ဆယ်ကို သတ်ခြင်းဖြင့် ဖခင်အပေါ် ပြုခဲ့သောမကောင်းမှုကြောင့် ဘုရားသခင်သည် သူ့အား ထိုသို့ပြန်ခံရစေတော်မူ၏။