ငါ့ဖခင်သည် သင်တို့အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့၍ သင်တို့ကို မိဒျန်လူမျိုးတို့လက်မှ ကယ်တင်ခဲ့၏။
ငါ၏ဖခင်သည်သင်တို့အတွက်စစ်ပွဲဝင်ခဲ့ သည်ကိုလည်းကောင်း၊ မိမိအသက်ကိုပဋ္ဌာန မထားဘဲသင်တို့အား မိဒျန်အမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့သည်ကိုလည်းကောင်း အောက်မေ့သတိရကြလော့။-
ငါ့ အ ဘ သည် သင် တို့ ဘက်၌ အ သက် စွန့် စား၍ စစ် ပြိုင် လျက်၊ မိ ဒျန် လူ မျိုး လက် တွင်း မှ လွတ် မြောက် စေ သော် လည်း
ငါ့အဘသည် သင်တို့အဖို့ စစ်တိုက်၍ ကိုယ်အသက်ကိုစွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နုတ်လေပြီ။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။
သင်တို့လည်း အဘိမလက်ကို မင်းမြှောက်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ ပြုပြီလော။ ယေရုဗ္ဗာလနှင့် သူ၏အိမ်သူအိမ်သားတို့ကို တရားမျှတစွာပြုကြပြီလော။ သူခံထိုက်သောအရာနှင့်အညီ သူ့ကိုကျေးဇူးဆပ်ကြပြီလော။
သို့သော် ယခုမှာ သင်တို့သည် ငါ့ဖခင်၏အိမ်သူအိမ်သားတို့ကို ထကြွပုန်ကန်၍ သူ့သားအယောက်ခုနစ်ဆယ်ကို ကျောက်ဖျာတစ်ခုပေါ်တွင် သတ်ပစ်ကြပြီ။ သူ့ကျွန်မ၏သားအဘိမလက်သည် သင်တို့၏အမျိုးသားချင်းဖြစ်သောကြောင့် ရှေခင်မြို့သားတို့ကို အုပ်စိုးရန် သူ့ကို မင်းမြှောက်ကြ၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။