သူကြီး 12:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို သို့ မ ကယ် ကြောင်း ငါ သိ မြင် သ ဖြင့် ကိုယ့် အ သက် ကို ဆောင် ကိုင် ပြီး လျှင်၊ အ မ္မုန် အ မျိုး သား တို့ နှင့် စစ် ပြိုင် ရန် ချီ သွား သော်၊ ငါ့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ၏။ ယ နေ့ တွင် မည် သည့် အ ကြောင်း ရှိ၍ ငါ နှင့် စစ် တိုက် ရန် ချီ လာ ကြ သ နည်း ဟု ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible3 မကယ်မနုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကိုစွန့်စားလျက် အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာသွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှာ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။