သူကြီး 9:17 - Common Language Bible17 ငါ၏ဖခင်သည်သင်တို့အတွက်စစ်ပွဲဝင်ခဲ့ သည်ကိုလည်းကောင်း၊ မိမိအသက်ကိုပဋ္ဌာန မထားဘဲသင်တို့အား မိဒျန်အမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့သည်ကိုလည်းကောင်း အောက်မေ့သတိရကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible17 ငါ့ အ ဘ သည် သင် တို့ ဘက်၌ အ သက် စွန့် စား၍ စစ် ပြိုင် လျက်၊ မိ ဒျန် လူ မျိုး လက် တွင်း မှ လွတ် မြောက် စေ သော် လည်း အခန်းကိုကြည့်ပါ။Judson Bible17 ငါ့အဘသည် သင်တို့အဖို့ စစ်တိုက်၍ ကိုယ်အသက်ကိုစွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နုတ်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ငါ့ဖခင်သည် သင်တို့အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့၍ သင်တို့ကို မိဒျန်လူမျိုးတို့လက်မှ ကယ်တင်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
ထိုနောက်ယောသံသည်ဆက်လက်၍``ထို့ကြောင့် သင်တို့သည်အဘိမလက်ကိုမင်းမြှောက်ရာ ၌ အမှန်တကယ်ပင်ရိုးသားစွာသစ္စာစောင့် သိသူများဖြစ်ကြပါ၏လော။ သင်တို့သည် ဂိဒေါင်၏ဂုဏ်ကျေးဇူးကိုအမှတ်ရလျက် သူပြုခဲ့သည့်အမှုအရာများနှင့်ထိုက် လျောက်စွာသူ၏အိမ်ထောင်စုအပေါ်၌ ကျေးဇူးတုံ့ပြန်ရာရောက်ပါ၏လော။-
သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။
ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-