သူကြီး 9:18 - မြန်မာ့စံမီသမ္မာကျမ်း18 သို့သော် ယခုမှာ သင်တို့သည် ငါ့ဖခင်၏အိမ်သူအိမ်သားတို့ကို ထကြွပုန်ကန်၍ သူ့သားအယောက်ခုနစ်ဆယ်ကို ကျောက်ဖျာတစ်ခုပေါ်တွင် သတ်ပစ်ကြပြီ။ သူ့ကျွန်မ၏သားအဘိမလက်သည် သင်တို့၏အမျိုးသားချင်းဖြစ်သောကြောင့် ရှေခင်မြို့သားတို့ကို အုပ်စိုးရန် သူ့ကို မင်းမြှောက်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ယ နေ့ တွင် ငါ့ အ ဘ အိမ် သူ အိမ် သား တို့ တ ဘက်၌ ပုန် ကန် ပြီး မှ၊ သား ခု နစ် ကျိပ် တို့ ကို ကျောက် ဖျာ ကြီး တစ် ချပ် ပေါ် တွင် ကွပ် မျက် ခြင်း၊ ကျွန် မိန်း မ၏ သား၊ သင် တို့ ညီ အစ် ကို တော် အ ဘိ မ လက် ကို ရှေ ခင် မြို့ သား တို့ အ ပေါ် တွင် ဘု ရင် အ ဖြစ် တင် မြှောက် ခြင်း များ ကို သင် တို့ ပြု လုပ် ရာ၌ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတစ်ဖက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသား အဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။ အခန်းကိုကြည့်ပါ။ |