ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူကြီး 7:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် စားနပ်ရိက္ခာနှင့် တံပိုးတို့ကိုယူကြ၏။ ဂိဒေါင်သည် လူအယောက်သုံးရာတို့ကို ချန်ထား၍ ကျန်သောအစ္စရေးအမျိုးသားတို့ကို ကိုယ့်တဲသို့ပြန်လွှတ်လိုက်၏။ မိဒျန်လူမျိုးတို့သည် သူတို့နေရာအောက်ဘက်ချိုင့်ဝှမ်းလွင်ပြင်တွင် စခန်းချလျက်ရှိ၏။ Common Language Bible သို့ဖြစ်၍ဂိဒေါင်သည်ရိက္ခာနှင့်တံပိုး ခရာရှိသမျှကို ယူထားသောလူသုံးရာ မှတစ်ပါးအခြားဣသရေလအမျိုး သားအပေါင်းတို့ကိုအိမ်သို့ပြန်စေ၏။ မိဒျန်အမျိုးသားများ၏တပ်စခန်းမှာ အနိမ့်ပိုင်းချိုင့်ထဲတွင်ရှိသတည်း။ Garrad Bible သူ တို့ စား နပ် ရိ က္ခာ နှင့် တံ ပိုး များ ကို ဆောင် ယူ ပြီး နောက် ဣ သ ရေ လ တပ် သား အ သီး အ သီး တို့ ကို ကိုယ့် အိမ် သို့ ဂိ ဒေါင် လွှတ် လိုက် လျက် ဆို ခဲ့ သော သုံး ရာ ကို သာ မ လွှတ် ဘဲ ထား လေ၏။ မိ ဒျန် တပ် ကား ၎င်း တို့ အောက် ချိုင့် တွင် ရှိ သ တည်း။ Judson Bible ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကိုယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသောလူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။ |
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
သတ္တမလ၊ ဆယ်ရက်နေ့၌ သင်သည် တံပိုးကို ကျယ်လောင်စွာမှုတ်ရမည်။ အပြစ်ဖြေလွှတ်ခြင်းနေ့၌ သင်တို့သည် တစ်ပြည်လုံးအနှံ့ တံပိုးကို မှုတ်ရမည်။
သင်တို့၏ပြည်၌ သင်တို့ကို ရန်ဖက်ပြုသောရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်သွားသောအခါ တံပိုးခရာကိုတပ်လှန့်အချက်ပေးသံအဖြစ် မှုတ်ရမည်။ ထိုအခါ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့တော်မူ၍ ရန်သူ့လက်မှ သင်တို့ကို ကယ်တင်တော်မူမည်။
သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။
ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက်
မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။
ထာဝရဘုရားကလည်း ဂိဒေါင်အား “ရေကို လျက်သောက်သောသူအယောက်သုံးရာဖြင့် သင်တို့ကို ငါကယ်တင်မည်။ မိဒျန်လူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်။ ကျန်လူတို့ကို မိမိနေရပ်သို့ အသီးသီးပြန်သွားကြစေ”ဟု မိန့်တော်မူ၏။
ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “ထလော့၊ မိဒျန်တပ်စခန်းသို့ ဆင်းသွားလော့။ သူတို့ကို သင့်လက်သို့ငါအပ်ပြီ။