သူကြီး 3:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက် အခန်းကိုကြည့်ပါ။Common Language Bible27 သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ဧ ဖ ရိမ် ခင် တန်း ပေါ် တွင် တံ ပိုး မှုတ် သ ဖြင့်၊ သူ့ နောက်၊ ခင် တန်း ပေါ် က ဣ သ ရေ လ အ မျိုး သား တို့ ဆင်း လိုက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဧဖရိမ်တောင်ပေါ်မှာ တံပိုးကိုမှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်လျက် တောင်ပေါ်ကဆင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ဂိဒေါင်သည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးသို့ တမန်တို့ကိုစေလွှတ်၍ “ဆင်းလာပြီး မိဒျန်လူမျိုးတို့ကို တိုက်ကြလော့။ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူလော့”ဟု မှာလိုက်လေ၏။ သို့ဖြစ်၍ ဧဖရိမ်အမျိုးသားတို့သည်စုရုံး၍ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူကြ၏။
တောင်ပေါ်ဒေသကိုလည်း သင်တို့အပိုင်ဖြစ်စေမည်။ ထိုဒေသသည် တောဖြစ်သောကြောင့် သင်တို့ခုတ်ထွင်ရှင်းလင်းရမည်။ သင်တို့ခုတ်ထွင်နိုင်သမျှ သင်တို့အပိုင်ဖြစ်မည်။ ခါနာန်လူမျိုးတို့သည် သံရထားများပိုင်ဆိုင်ပြီး အင်အားကြီးသော်လည်း သူတို့ကို သင်တို့နှင်ထုတ်နိုင်လိမ့်မည်”ဟု ပြန်ပြော၏။
ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။