အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 5:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အာနတ်​၏​သား ရှံဂါ​လက်ထက်​၊ ယေလ​လက်ထက်​တို့​၌ လမ်းမ​တို့​သည် ဆိတ်ညံ​လေ​ပြီ​။ သွားလာ​သော​သူ​တို့​သည် လမ်းကြိုလမ်းကြား​တို့​၌​သာ သွားလာ​ကြ​ရ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အာ နတ် သား ရှံ ဂါ့ လက် ထက် နှင့် ယေ လ လက် ထက်၌ လမ်း မ များ ဆိတ်၍ တော လမ်း များ ဖြင့် ခ ရီး သည် တို့ လိုက် ရ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အာ​နတ်​သား ရှံ​ဂါ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ ယေ​လ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ လမ်း​မ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ၍ ခ​ရီး​သွား​သော​သူ​တို့​သည် လမ်း​ကြား​တို့၌ လိုက်​သွား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 5:6
11 ပူးပေါင်းရင်းမြစ်များ  

ထို​ကာလ​၌ တိုင်းပြည်​တွင်​နေထိုင်​သူ​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့ထိတ်လန့်​နေ​ရ​ပြီး သွား​လာ​ရာ​တွင်​လည်း လုံခြုံမှု​မ​ရှိ​ခဲ့​ကြ​။


မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


လမ်းမ​ပေါ်တွင် လူသူကင်းမဲ့​၏​။ လမ်း​ပေါ်တွင် လူသွားလူလာ​မ​ရှိ​။ ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​။ မြို့​များ​ကို​ပမာဏ​မ​ပြု​။ လူ​ကို​အလေး​မ​ထား​။


ရန်သူ​၌ ဓား​ပါ​၍ ပတ်ပတ်လည်​၌ အန္တရာယ်​ရှိ​သောကြောင့် ကွင်းပြင်​သို့​မ​သွား​နှင့်​။ လမ်းမ​ပေါ် မ​ထွက်​နှင့်​။


ပွဲတော်​သို့​လာ​သော​သူ​မ​ရှိ​တော့​ပြီ​ဖြစ်၍ ဇိအုန်​မြို့​လမ်း​တို့ ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။ မြို့​တံခါး​အားလုံး ဆိတ်ညံ​လေ​ပြီ​။ ယဇ်ပုရောဟိတ်​တို့​လည်း ညည်းတွား​ကြ​လေ​ပြီ​။ အပျိုကညာ​တို့​လည်း ဝမ်းနည်းကြေကွဲ​လျက် ခါးသီး​စွာ​ခံစား​နေ​ကြ​ရ​လေ​ပြီ​။


သူ​တို့​သည် ငါ​တို့​ကို ခြေရာခံ​လိုက်​ကြ​သောကြောင့် လမ်း​ပေါ်၌ ငါ​တို့​မ​သွား​မ​လာ​နိုင်​။ ငါ​တို့​နိဂုံးချုပ်​ချိန် နီးလာ​ပြီ​။ ငါ​တို့​နိဂုံးချုပ်​ချိန် ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​အသက်ရှင်​ရ​သော​နေ့ ကုန်ဆုံး​လေ​ပြီ​။


ငါ​သည် သင်​တို့​ထဲသို့ တောရိုင်းတိရစ္ဆာန်​ကို ဝင်ရောက်​စေ​သဖြင့် ထို​တိရစ္ဆာန်​သည် သင်​တို့​၏​သားသမီး​ကို ကိုက်သတ်​၍ သင်​တို့​၏​တိရစ္ဆာန်​ကို ဖျက်ဆီး​လိမ့်မည်​။ သင်​တို့​ကို လျော့နည်း​စေ​၍ သင်​တို့​၏​လမ်း​များ​သည် လူသူကင်းမဲ့​လိမ့်မည်​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။


ဧဟုဒ​နောက်တွင် အာနတ်​၏​သား ရှံဂါ​ပေါ်ထွန်း​၍ သူ​သည် ဖိလိတ္တိ​လူမျိုး​ခြောက်​ရာ​ကို နွား​နှင်တံ​ဖြင့် သတ်​၍ အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ခဲ့​၏​။


ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ​၊ အစ္စရေး​လူမျိုး​၏​မိခင် ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ အစ္စရေး​ကျေးလက်တောရွာ​တို့​သည် ဆိတ်ညံ​လျက်​ရှိ​၏​။