Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 5:6 - Common Language Bible

6 အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အာ နတ် သား ရှံ ဂါ့ လက် ထက် နှင့် ယေ လ လက် ထက်၌ လမ်း မ များ ဆိတ်၍ တော လမ်း များ ဖြင့် ခ ရီး သည် တို့ လိုက် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အာ​နတ်​သား ရှံ​ဂါ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ ယေ​လ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ လမ်း​မ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ၍ ခ​ရီး​သွား​သော​သူ​တို့​သည် လမ်း​ကြား​တို့၌ လိုက်​သွား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အာနတ်​၏​သား ရှံဂါ​လက်ထက်​၊ ယေလ​လက်ထက်​တို့​၌ လမ်းမ​တို့​သည် ဆိတ်ညံ​လေ​ပြီ​။ သွားလာ​သော​သူ​တို့​သည် လမ်းကြိုလမ်းကြား​တို့​၌​သာ သွားလာ​ကြ​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 5:6
11 ပူးပေါင်းရင်းမြစ်များ  

ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။-


သို့​ရာ​တွင်​မ​ကောင်း​မှု​ပြု​သူ​တို့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​သော​အ​ခါ နည်း​လမ်း​တော်​ကို​စွန့်​သူ​တို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။


လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-


ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။


နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။


ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည် လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။


ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။


သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။


ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။


ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မြို့​တို့​သည်​လူ​သူ ဆိတ်​ညံ​လျက်​ရှိ​၏။ ငါ​ဒေ​ဗော​ရ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏ မိ​ခင်​သ​ဖွယ်​မ​ပေါ်​ထွန်း​မီ ထို​မြို့​တို့​သည်​လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​ခဲ့​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ