ထိုနေ့၌ ဘုရားသခင်သည် ခါနာန်ဘုရင်ယာဘိန်မင်းကြီးကို အစ္စရေးအမျိုးသားတို့ထံ ရှုံးနိမ့်စေတော်မူ၏။
ထိုနေ့၌ထာဝရဘုရားသည်ခါနာန်ဘုရင် ယာဘိန်၏အပေါ်၌ ဣသရေလအမျိုးသား တို့အားအောင်ပွဲခံစေတော်မူသတည်း။-
ထို နေ့ တွင် ဘု ရား သ ခင် သည် ခါ နာန် ဘု ရင် ယာ ဘိန် မင်း ကို ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ရှုံး နိမ့် စေ တော် မူ သည် နှင့် အ ညီ၊
ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူသဖြင့်၊
“သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်မဟုတ်လော။ သင့်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းစေသည်မဟုတ်လော။ ထာဝရဘုရားရှေ့၊ လူမျိုးတော်တို့ရှေ့တွင် ဤပြည်ကို နှိမ်နင်းအောင်နိုင်၍ ပြည်သူပြည်သားအပေါင်းတို့ကို ငါ့လက်သို့ အပ်တော်မူပြီ။
သူတို့၏သားမြေးတို့သည် ထိုပြည်ကိုဝင်ရောက်သိမ်းပိုက်သောအခါ ကိုယ်တော်သည် ထိုပြည်သားခါနာန်လူမျိုးတို့ကို သူတို့ရှေ့တွင်နှိမ်နင်းတော်မူ၏။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားတို့ကို သူတို့လက်သို့အပ်တော်မူ၍ သူတို့အလိုရှိသည့်အတိုင်းပြုကြ၏။
ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။
ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာရှုံးနိမ့်စေ၍ ငါ၏လက်ကို သူတို့၏ရန်သူများဘက်သို့ ပြန်လှည့်စေခဲ့ပေလိမ့်မည်။”
အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည်လည်း အရာခပ်သိမ်းတို့ကို မိမိအားနာခံစေတော်မူသောအရှင်ကို နာခံတော်မူလိမ့်မည်။ ဤသည်ကား ဘုရားသခင်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူမည့်အကြောင်းတည်း။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
သိသရကို လိုက်ရှာနေသော ဗာရက်ရောက်လာသောအခါ ယေလက သူ့ကိုထွက်ကြို၍ “လာပါ။ အရှင်ရှာဖွေနေသောသူကို အကျွန်ုပ် ပြပါမည်”ဟု ဆိုသဖြင့် သူသည် တဲထဲသို့လိုက်ဝင်သွားရာ သိသရသည် နားထင်၌ငုတ်တိုင်စူးဝင်၍လဲသေနေသည်ကို တွေ့ရလေ၏။
ခါနာန်ဘုရင်ယာဘိန်မင်းကြီး ကျဆုံးသွားသည့်တိုင်အောင် အစ္စရေးအမျိုးသားတို့သည် ထိုခါနာန်ဘုရင်ယာဘိန်မင်းကြီးကို အပြင်းအထန်လိုက်လံတိုက်ခိုက်ကြ၏။