Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 4:23 - Common Language Bible

23 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို နေ့ တွင် ဘု ရား သ ခင် သည် ခါ နာန် ဘု ရင် ယာ ဘိန် မင်း ကို ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ရှုံး နိမ့် စေ တော် မူ သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​နာန်​ရှင်​ဘု​ရင်​ယာ​ဘိန်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ နှိမ့်​ချ​တော်​မူ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​နေ့​၌ ဘုရားသခင်​သည် ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အစ္စရေး​အမျိုးသား​တို့​ထံ ရှုံးနိမ့်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 4:23
10 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။-


သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့် ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​၏။ ရန်​သူ​များ​အား​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။


ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မူ​၏။ လူ​မျိုး​တကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊


ကိုယ်​တော်​သည်​ငါ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ကို အ​နိုင်​ရ​စေ​၍ တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​၏။


သို့​ဖြစ်​လျှင်​ငါ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​အ​ရေး​ရှုံး​နိမ့်​စေ​မည်။ သူ​တို့​၏​ရန်​ဘက်​အား​လုံး​ကို​နှိမ်​နင်း​မည်။


သို့​ရာ​တွင်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သား တော်​အား​အုပ်​စိုး​စေ​တော်​မူ​သော​အ​ခါ​၌ မိ​မိ​ခြေ​ဖ​ဝါး​တော်​အောက်​သို့​ခပ်​သိမ်း​သော အ​ရာ​ကို​ရောက်​ရှိ​စေ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို သား​တော်​ကိုယ်​တိုင် ပင်​လျှင်​ခံ​ယူ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း​သော​အ​ရာ တို့​ကို​လုံး​ဝ​ဥ​ဿုံ​အုပ်​စိုး​တော်​မူ​ပေ​အံ့။


ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-


သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။


သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ