ကေနတ်၏သားများမှာ ဩသံယေလနှင့် စရာယ တို့ဖြစ်ကြ၏။ ဩသံယေလ၏သားများမှာ ဟာသတ်နှင့် မောနောသဲ တို့ဖြစ်ကြ၏။
သူကြီး 3:11 - မြန်မာ့စံမီသမ္မာကျမ်း တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။ Common Language Bible တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။ Garrad Bible အ နှစ် လေး ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း၍ ကေ နတ် အ မျိုး သြ သံ ယေ လ ကွယ် လွန် လေ ၏။ Judson Bible အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။ |
ကေနတ်၏သားများမှာ ဩသံယေလနှင့် စရာယ တို့ဖြစ်ကြ၏။ ဩသံယေလ၏သားများမှာ ဟာသတ်နှင့် မောနောသဲ တို့ဖြစ်ကြ၏။
သူတို့သည် အေးအေးချမ်းချမ်းနေရသောအခါ ကိုယ်တော်ရှေ့တော်တွင် မကောင်းမှုကိုပြုကြပြန်သဖြင့် သူတို့ကို အုပ်ချုပ်မည့်ရန်သူတို့လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော့်ထံ အော်ဟစ်သောအခါ ကိုယ်တော်သည် ကောင်းကင်မှ နားညောင်းတော်မူ၏။ ကိုယ်တော်၏ ကရုဏာတော်နှင့်အညီ သူတို့ကိုအကြိမ်ကြိမ်ကယ်နုတ်တော်မူခဲ့၏။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် ဩသံယေလအား သမီးအာခသနှင့် ပေးစားလေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
ဤသို့ဖြင့် မိဒျန်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ကြပြီး နောက်တစ်ဖန် ခေါင်းမထောင်ကြတော့ချေ။ ထိုအချိန်မှစ၍ ဂိဒေါင်အသက်ရှင်စဉ် အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်ငြိမ်းချမ်းလေ၏။