သူကြီး 3:11 - Common Language Bible11 တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible11 အ နှစ် လေး ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း၍ ကေ နတ် အ မျိုး သြ သံ ယေ လ ကွယ် လွန် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။ အခန်းကိုကြည့်ပါ။ |
ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါ သူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့် ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။ သို့ရာတွင်သူတို့သည်နောင်တရလျက် မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ ကရုဏာတော်ကြီးမားတော်မူသည့်အလျောက် သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။
ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။