အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 21:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ သည် သူ တို့ အား သ မီး ထိမ်း မြား ခြင်း မ ပြု ရ ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို နှင့် ပြီး ဖြစ်၍၊ ကျန် ရှိ သူ တို့ အ တွက် မိန်း မ များ ကို မည် သို့ စီ မံ ရ မည် နည်း ဟူ၍လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့​သည် ကိုယ်​သ​မီး​ကို သူ​တို့​အား​မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့ ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။



သူ​ကြီး 21:7
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။


ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။


သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​က ဗင်္ယာမိန်​အမျိုးအနွယ်​အတွက် စိတ်မကောင်း​ဖြစ်​၍ “​ယနေ့ အစ္စရေး​အမျိုးအနွယ်​တို့​တွင် အမျိုး​တစ်​မျိုး ဖြတ်တောက်​ခံရ​လေ​ပြီ​။


သူ​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် မိဇပါ​မြို့​သို့ မ​လာ​ကြ​သနည်း​။ မည်သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်​မျှ လူစုဝေးရာ​စခန်း​သို့ ရောက်​မ​လာ​ကြ​သည်​ကို သိ​ရ​လေ​၏​။


သို့သော် စစ်သည်​တို့​က ရှောလု​မင်းကြီး​အား “​အစ္စရေး​လူမျိုး​တို့​ကို အကြီးအကျယ်​ကယ်တင်​ပေး​ခဲ့​သော​ယောနသန်​သည် သေ​ရ​မည်လော​။ ဤ​အဖြစ်​နှင့်​ဝေး​ပါစေ​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ့​ဦးခေါင်း​မှ ဆံချည်​တစ်​ပင်​မျှ မြေ​ပေါ်သို့ မ​ကျ​စေ​ရ​။ ယနေ့​ပင် သူ​သည် ဘုရားသခင်​နှင့်အတူ စစ်တိုက်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။ ဤသို့ ယောနသန်​ကို​စစ်သည်​တို့​ကယ်တင်​သောကြောင့် ယောနသန်​သည် သေဒဏ်​မ​ခံ​ရ​တော့​ပေ​။