သူကြီး 21:7 - Common Language Bible7 ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ငါ တို့ သည် သူ တို့ အား သ မီး ထိမ်း မြား ခြင်း မ ပြု ရ ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို နှင့် ပြီး ဖြစ်၍၊ ကျန် ရှိ သူ တို့ အ တွက် မိန်း မ များ ကို မည် သို့ စီ မံ ရ မည် နည်း ဟူ၍လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible7 ငါတို့သည် ကိုယ်သမီးကို သူတို့အားမပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ငါတို့သည် ကိုယ့်သမီးကို သူတို့နှင့်မပေးစားနိုင်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခဲ့ပြီဖြစ်၍ ကျန်ရစ်သောဗင်္ယာမိန်အမျိုးအနွယ်တို့ အိမ်ထောင်ပြုရန် မည်သို့ကူညီပေးနိုင်မည်နည်း”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။