၁ ရာ 14:45 - မြန်မာ့စံမီသမ္မာကျမ်း45 သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။ အခန်းကိုကြည့်ပါ။Common Language Bible45 သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible45 ဗိုလ် ထု က၊ ဣ သ ရေ လ လူ မျိုး အ ဘို့ ဤ ကြီး စွာ သော အောင် မြင် ခြင်း ကို ပြု ဘူး သူ ယော န သန် သည် သေ ဒဏ် ခံ ရ မည် လော။ ကင်း ဝေး စေ တော် မူ ပါ။ သူ သည် ယ နေ့ ဘု ရား သ ခင် နှင့် အ တူ ဆောင် ရွက် သည် ဖြစ်၍ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဦး ဆံ တစ် ပင် မျှ မြေ သို့ မ ကျ ရ ဟု တင် လျှောက် လျက် ယော န သန် ကို သေ ဘေး မှ ရွေး နုတ် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible45 လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။