Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 21:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အစ္စရေး​အမျိုးသား​တို့​က ဗင်္ယာမိန်​အမျိုးအနွယ်​အတွက် စိတ်မကောင်း​ဖြစ်​၍ “​ယနေ့ အစ္စရေး​အမျိုးအနွယ်​တို့​တွင် အမျိုး​တစ်​မျိုး ဖြတ်တောက်​ခံရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ညီ​များ​ဖြစ်​သော ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့ အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်``ယ​နေ့​ပင် လျှင်​ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​တစ်​နွယ်​ကို​ဆုံး​ရှုံး​ရ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဣ သ ရေ လ အ မျိုး သား တို့ သည် အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် အ တွက် ပူ ပန် လျက် ယ နေ့ ဣ သ ရေ လ လူ မျိုး အ နက် အ နွယ် တစ် နွယ် ပြတ် စဲ ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း၊ ညီ​ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး​ဆုံး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 21:6
8 ပူးပေါင်းရင်းမြစ်များ  

အာဗနာ​က ယွာဘ​အား ဟစ်ခေါ်​ပြီး “​ဓား​သည် အစဉ်​ဝါးမျို​ရ​မည်လော​။ အဆုံး​မှာ ခါးသီးကြေကွဲ​ရ​မည်​ကို မ​သိ​သလော​။ ကိုယ့်​ညီအစ်ကိုချင်း​ကို ဆက်၍ မ​လိုက်​ကြ​ရန် လူ​တို့​ကို မ​တား​တော့​ပြီ​လော​”​ဟု ဆို​လေ​၏​။


အို ဧဖရိမ်​၊ သင့်​ကို မည်သို့​စွန့်ပစ်​နိုင်​မည်နည်း​။ အို အစ္စရေး​၊ သင့်​ကို မည်သို့​အပ်နှံ​နိုင်​မည်နည်း​။ အာဒမာ​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ဇေဘိုင်​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ငါ​သည် စိတ်ပြောင်း​ပြီး သနားကြင်နာစိတ် တစ်စတစ်စ​တိုးပွား​လာ​ပြီ​။


ယေဖသ​သည် သမီး​ကို​မြင်​သောအခါ မိမိ​အဝတ်​ကို​ဆုတ်​ပြီး “​အို ငါ့​သမီး​၊ ငါ့​ကို အလွန်​စိတ်ဆင်းရဲ​စေ​ပြီ​တကား​။ အလွန်​ဒုက္ခရောက်​စေ​ပြီ​တကား​။ ငါ​သည် ထာဝရဘုရား​ကို ကတိသစ္စာ​ပြု​ပြီးမှ ချိုးဖောက်​၍​မ​ရ​တော့​ပြီ​”​ဟု ဆို​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။


ဤသို့ ထာဝရဘုရား​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​ကို ပြတ်တောက်​သွား​စေ​သောကြောင့် ဗင်္ယာမိန်​အမျိုး​အတွက် လူ​တို့​စိတ်မကောင်း​ဖြစ်​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က “​မိဇပါ​မြို့​သို့ မ​လာ​သော​သူ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု တင်းတင်းကျပ်ကျပ်​ကျိန်ဆို​ထား​ကြ​သည်​ဖြစ်၍ “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် ဤ​လူစုဝေးရာ​ထာဝရဘုရား​ထံ​တော်​သို့ မ​လာ​ဘဲ နေ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​၏​။


ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ