Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 21:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဣ သ ရေ လ လူ မျိုး တို့ က ငါ တို့ အ နက် တစ် စုံ တစ် ယောက် မျှ ဗင်္ယာ မိန့် အ နွယ် သား တို့ အား သ မီး ထိမ်း မြား ခြင်း မ ပြု ရ ဟု မိ ဇ ပါ မြို့ တွင် သ စ္စာ ထား ခဲ့ ပြီး ဖြစ်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 21:1
19 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​ရှေ့​တော်​၌​နှုတ်မြွက်​ရန် သင်​၏​နှုတ်​ကို​မ​လော​စေ​နှင့်​။ သင်​၏​စိတ်​ကို​လည်း မ​မြန်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​ပြီး သင်​သည် မြေကြီး​ပေါ်၌​ရှိ​၏​။ ထို့ကြောင့် သင်​၏​စကား​ကို နည်း​စေ​လော့​။


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။


တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။


မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။


သူ​တို့​သည် ဘုရားသခင်​အတွက် ထက်သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ သို့သော် ထို​ထက်သန်​သော​စိတ်​သည် စစ်မှန်​သော​အသိပညာ​အားဖြင့်​မ​ဟုတ်။


ဂိလဒ်​ပြည်​အပါအဝင် ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင်​နေထိုင်​သော အစ္စရေး​အမျိုးသား​အပေါင်း လူအုပ်ကြီး​တို့​သည် မိဇပါ​မြို့​သို့​ရောက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​တွင် တစ်စိတ်တစ်သဘောတည်း စုရုံး​ကြ​၏​။


အစ္စရေး​လူမျိုး​တို့​တွင် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့သား​တို့ ပြု​ခဲ့​သမျှ ယုတ်ညံ့​သော​အမှု​နှင့်အညီ သူ​တို့​ကို လက်စားချေ​ရန် စစ်ချီ​သောအခါ စစ်သည်​တို့​အတွက် ရိက္ခာ​သယ်ဆောင်​ရန် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ လူ​အယောက်​တစ်ရာ​တွင် ဆယ်​ယောက်​၊ လူ​အယောက်​တစ်ထောင်​တွင် အယောက်​တစ်ရာ​၊ လူ​အယောက်​တစ်သောင်း​တွင် အယောက်​တစ်ထောင်​တို့​ကို ရွေးကောက်​မည်​”​ဟု ဆို​ကြ​၏​။


အစ္စရေး​စစ်တပ်​သည်​လည်း ဗင်္ယာမိန်​အမျိုးသား​တို့​နေရာ​သို့ ပြန်လာ​၍ မြို့​ထဲ​ရှိ​လူ​နှင့်တကွ တိရစ္ဆာန်​အပါအဝင် တွေ့​သမျှ​တို့​ကို ဓား​ဖြင့် သတ်ပစ်​လေ​၏​။ တွေ့​သမျှ မြို့​တို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏​။


ထိုအခါ လူ​အပေါင်း​တို့​သည် တစ်စိတ်တစ်သဘောတည်း​ဖြစ်​လျက် “​ငါ​တို့ တစ်ယောက်​မျှ ကိုယ့်​တဲ​သို့​မ​သွား​၊ ကိုယ့်​အိမ်​သို့ မ​ပြန်​ပါ​။


ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။


သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​က “​မိဇပါ​မြို့​သို့ မ​လာ​သော​သူ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု တင်းတင်းကျပ်ကျပ်​ကျိန်ဆို​ထား​ကြ​သည်​ဖြစ်၍ “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် ဤ​လူစုဝေးရာ​ထာဝရဘုရား​ထံ​တော်​သို့ မ​လာ​ဘဲ နေ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​၏​။


ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။


ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ