သူတို့က “ငါတို့သည် ငါတို့၏စကားဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။ ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။
သူကြီး 21:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်း ပြုကြ၏။ Common Language Bible ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။ Garrad Bible ထို ကာ လ ဣ သ ရေ လ လူ မျိုး တွင် ဘု ရင် မ ရှိ သည် ဖြစ်၍ လူ တိုင်း ကိုယ့် အ လို ရှိ ရာ လိုက် သ တည်း။ Judson Bible ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ တရားသူကြီး မှတ်စာပြီး၏။ |
သူတို့က “ငါတို့သည် ငါတို့၏စကားဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။ ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့။ မိမိ၏အသိဉာဏ်ကို အမှီမပြုနှင့်။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်းပြုကြ၏။
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။
အစ္စရေးအမျိုးသားတို့လည်း ထိုနေရာမှ ကိုယ့်အမျိုး၊ ကိုယ့်အနွယ်အလိုက် အမွေခံရာမြေသို့ အသီးသီးပြန်သွားကြ၏။