သူကြီး 21:25 - Common Language Bible25 ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible25 ထို ကာ လ ဣ သ ရေ လ လူ မျိုး တွင် ဘု ရင် မ ရှိ သည် ဖြစ်၍ လူ တိုင်း ကိုယ့် အ လို ရှိ ရာ လိုက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ တရားသူကြီး မှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်း ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-