ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကို ဝတ်ဆင်ပြီး ထာဝရဘုရားရှေ့တော်တွင် ဝမ်းသာအားရကခုန်လေ၏။
သူကြီး 21:21 - မြန်မာ့စံမီသမ္မာကျမ်း ရှိလောသမီးပျိုတို့ထွက်လာ၍ ကခုန်ကြသောအခါ သင်တို့လည်း စပျစ်ခြံတို့မှ ထွက်လာ၍ ရှိလောသမီးပျိုတို့ကို ကိုယ့်မယားအဖြစ် ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ပြန်သွားလော့။ Common Language Bible စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။- Garrad Bible ရှိ လော မြို့ သူ သ တို့ သ မီး တို့ သည် ပွဲ တွင် က အံ့ သော ငှါ လာ ကြ လျှင် စ ပျစ် ခြံ မှ ထွက် လျက် ထို မြို့ သူ တို့ ကို အ သီး အ သီး ကြင် ဘက် အ ဖြစ် ဖမ်း၍ ဗင်္ယာ မိန့် နယ် သို့ ဆောင် သွား ကြ လော့။ Judson Bible စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဖို့ ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။ |
ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကို ဝတ်ဆင်ပြီး ထာဝရဘုရားရှေ့တော်တွင် ဝမ်းသာအားရကခုန်လေ၏။
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
သူတို့သည် ကခုန်လျက် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြပါစေ။ ပတ်သာနှင့်စောင်းကိုတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းကြပါစေ။
ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
“အို ရှုလံသမီးပျို၊ ပြန်လာပါ၊ ပြန်လာပါ။ သင့်ကို အကျွန်ုပ်တို့ မြင်ရမည့်အကြောင်း ပြန်လာပါ၊ ပြန်လာပါ။” “စစ်တပ်နှစ်တပ် ကခုန်နေသည်ကို ကြည့်ရှုသကဲ့သို့ ရှုလံသမီးပျိုကို အဘယ်ကြောင့် ကြည့်နေကြသနည်း။
အပျိုကညာတို့သည် ဝမ်းမြောက်ကခုန်ကြလိမ့်မည်။ လူပျို၊ လူအိုတို့လည်း ဝမ်းမြောက်ကခုန်ကြလိမ့်မည်။ ငါသည် သူတို့၏ငိုကြွေးမြည်တမ်းခြင်းကို ပျော်ရွှင်ခြင်းဖြစ်စေမည်။ သူတို့ကို နှစ်သိမ့်ပေး၍ ဝမ်းနည်းခြင်းအစား ဝမ်းမြောက်ခြင်းကိုပေးမည်။
လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။
ယေဖသသည် မိဇပါမြို့ရှိ မိမိအိမ်သို့ပြန်လာသောအခါ သူ၏သမီးသည် သူ့ကိုကြိုဆိုရန် ပတ်သာတီးလျက်၊ ကခုန်လျက် ထွက်လာလေ၏။ သူသည် တစ်ဦးတည်းသောသမီးဖြစ်၏။ ထိုသမီးမှလွဲ၍ သူ၌ အခြားသောသားသမီး မရှိ။
ဗင်္ယာမိန်အမျိုးသားတို့ကို ခေါ်ပြီး “သွားကြ။ စပျစ်ခြံများ၌ ပုန်း၍စောင့်နေကြ။
ဒါဝိဒ်အပါအဝင် စစ်သည်တို့သည် ဖိလိတ္တိလူမျိုးကို နှိမ်နင်းရာမှ ပြန်လာသောအချိန်တွင် အစ္စရေးမြို့အသီးသီးတို့မှ အမျိုးသမီးတို့သည် ရှောလုမင်းကြီးကို ကြိုဆိုရန် ဝမ်းမြောက်စွာဖြင့် ပတ်သာ၊ စောင်းတို့ကို တီးမှုတ်၍ သီဆိုကခုန်လျက် ထွက်လာကြ၏။