သူကြီး 21:21 - Common Language Bible21 စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible21 ရှိ လော မြို့ သူ သ တို့ သ မီး တို့ သည် ပွဲ တွင် က အံ့ သော ငှါ လာ ကြ လျှင် စ ပျစ် ခြံ မှ ထွက် လျက် ထို မြို့ သူ တို့ ကို အ သီး အ သီး ကြင် ဘက် အ ဖြစ် ဖမ်း၍ ဗင်္ယာ မိန့် နယ် သို့ ဆောင် သွား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible21 စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဖို့ ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ရှိလောသမီးပျိုတို့ထွက်လာ၍ ကခုန်ကြသောအခါ သင်တို့လည်း စပျစ်ခြံတို့မှ ထွက်လာ၍ ရှိလောသမီးပျိုတို့ကို ကိုယ့်မယားအဖြစ် ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ပြန်သွားလော့။ အခန်းကိုကြည့်ပါ။ |
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-