သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
သူကြီး 20:34 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။ Common Language Bible ဣသရေလတစ်မျိုးလုံးမှလက်ရွေးစင်လူတစ် သောင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ကြလေသည်။ တိုက်ပွဲမှာပြင်းထန်လှ၏။ ဗင်္ယာမိန်အမျိုးသား တို့သည်မိမိတို့အရေးရှုံးနိမ့်ရတော့မည့် အဖြစ်ကိုမရိပ်မိကြချေ။- Garrad Bible ဂိ ဗာ မြို့ ရှေ့ တွင် ဣ သ ရေ လ ရဲ မက် တို့ အ နက် လက် ရွေး သူ ရဲ တစ် သောင်း ပေါ် လာ သ ဖြင့် စစ် ရေး ခဲ ယဉ်း ပြင်း ထန် သော် လည်း ဘေး သင့် ရောက် မည့် အ ကြောင်း မ သိ သေး ချေ။ Judson Bible ဣသရေလအမျိုးသား ယောက်ျားကောင်းတစ်သောင်းတို့သည် ဂိဗာမြို့သို့ချီလာ၍၊ ဗင်္ယာမိန်အမျိုးသားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍တိုက်ကြ၏။ |
သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
မကောင်းမှုပြုသောသူသည် အပြစ်ကျူးလွန်ခြင်းထဲ၌ ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ရွှင်လန်းစွာသီချင်းဆိုလျက် ဝမ်းမြောက်တတ်၏။
ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
ထို့ကြောင့် လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။