သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
သူကြီး 20:26 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။ Common Language Bible ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် ဗေသလမြို့သို့သွား၍ငိုကြွေးကြ၏။ သူ တို့သည်ထာဝရဘုရား၏ရှေ့တော်တွင်ထိုင် လျက် ညနေချမ်းတိုင်အောင်အစာရှောင်ကြ၏။ သူတို့သည်ထာဝရဘုရား၏ရှေ့တော်၌ မိတ် သဟာယယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော် ကြ၏။- Garrad Bible ထို အ ခါ ဣ သ ရေ လ အ မျိုး သား အ ပေါင်း နှင့် ရဲ မက် တို့ ပါ ဗေ သ လ မြို့ သို့ လှည့် ချီ၍ ညဉ့် ဦး တိုင် အောင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ စာ မ စား ဘဲ ငို ကြွေး နေ ထိုင် ကြ ပြီး လျှင်၊ ထာ ဝ ရ ဘု ရား အား မီး ရှို့ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် ကြ၏။ Judson Bible ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တစ်နေ့လုံး ညဉ့်ဦးယံတိုင်အောင် အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။ |
သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။
လူတို့သည် ဗေသလမြို့သို့လာ၍ နေဝင်ချိန်တိုင်အောင် ဘုရားသခင်ရှေ့တော်တွင် ထိုင်၍အော်ဟစ်ငိုကြွေးလျက်
နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။