Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 20:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​အား မေးလျှောက်​ကြ​၏​။ (​ထိုစဉ်က ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဗေသလ​အရပ်​တွင် ရှိ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27-28 ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27-28 ထို နေ့ ရက် ကာ လ၌ ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ သည် ၎င်း မြို့ တွင် ရှိ သည် ဖြစ်၍ ရှေ့ တော် ဝယ် အာ ရုန့် မြေး၊ ဧ လာ ဇာ့ သား ဖိ န ဟတ် ခ စား သည် နှင့် အ ကျွန်ုပ် တို့ အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရန် တစ် ဖန် ချီ ပြန် ရ ဦး မည် လော။ မ ချီ ဘဲ နေ ရ မည် လော ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ရာ ချီ ကြ ဦး။ နက် ဖြန် သင် တို့ လက် တွင်း သို့ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 20:27
12 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် အိမ်​တော်​နှင့် မ​စံမြန်း​၊ တဲ​တော်​နှင့်​သာ​စံမြန်း​လှည့်လည်​ခဲ့​ပြီ​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​လက်​တော်​သည် မ​ကယ်တင်​နိုင်​အောင် တို​သည်​မ​ဟုတ်​။ နား​တော်​သည်​လည်း မ​ကြား​နိုင်​အောင် ထိုင်း​သည်​မ​ဟုတ်​။


“​ငါ​၏​နာမ​တော် အဦးဆုံး​တည်​ရာ ရှိလော​အရပ်​ရှိ ငါ​ကိန်းဝပ်​ရာ​အရပ်​သို့ ယခု​သွား​ကြ​လော့​။ ငါ့​လူမျိုး​တော်​ဖြစ်​သည့် အစ္စရေး​လူမျိုး​၏​ဆိုးညစ်မှု​ကြောင့် ထို​အရပ်​ကို ငါ​မည်သို့​ပြု​ခဲ့​သည်​ကို ကြည့်​ကြ​လော့​။


သူ​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​ရှေ့​၌ ရပ်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​က ဥရိမ်​၏​ဆုံးဖြတ်ချက်​ကို မေးမြန်း​ပေး​ရ​မည်​။ သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​လူထု​အပေါင်း​ဖြစ်​သည့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် သူ​၏​စီရင်ဆုံးဖြတ်ချက်​အတိုင်း သွား​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​ပြည်​ကို အောင်​နိုင်​ပြီးနောက် အစ္စရေး​လူထု​တစ်ရပ်လုံး ရှိလော​အရပ်​၌ စုရုံး​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို တည်​ကြ​၏​။


ယောရှု​သေဆုံး​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​ခါနာန်​လူမျိုး​တို့​ကို မည်သူ ဦးစွာ​သွား​၍​တိုက်ခိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင်


အစ္စရေး​အမျိုးသား​တို့​သည် ထ​၍ ဗေသလ​မြို့​သို့ တက်သွား​ပြီးလျှင် ဘုရားသခင်​အား “​ဗင်္ယာမိန်​အမျိုးသား​တို့​ကို မည်သူ​ဦးစွာ​သွားတိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​ယုဒ​အမျိုး ဦးစွာ​ချီတက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။


အာရုန်​၏​မြေး​၊ ဧလာဇာ​၏​သား ဖိနဟတ်​က အမှု​တော်​ဆောင်​လျက်​ရှိ​၏​။​) သူ​တို့​က “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ဗင်္ယာမိန်​အမျိုးသား​တို့​ကို နောက်တစ်ဖန် သွားတိုက်​ရ​မည်လော​၊ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု ဆို​လေ​ရာ ထာဝရဘုရား​က​လည်း “​သွား​လော့​။ မနက်ဖြန် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​မှ ဆက်သွား​လျှင် တာဗော်​တောင် ဝက်သစ်ချတော​သို့ ရောက်​မည်​။ ထို​နေရာ​တွင် ဘုရားသခင်​ထံ ယဇ်ပူဇော်​ရန် ဗေသလ​မြို့​သို့​သွား​သော လူ​သုံး​ယောက်​နှင့် သင်​ဆုံတွေ့​လိမ့်မည်​။ တစ်​ယောက်​သည် ဆိတ်သငယ်​သုံး​ကောင်​ကို ယူဆောင်​လာ​၍ နောက်​တစ်​ယောက်​သည် မုန့်​သုံး​လုံး​ကို​လည်းကောင်း​၊ နောက်​တစ်​ယောက်​သည် စပျစ်ဝိုင်​ဘူး​ကို​လည်းကောင်း ယူဆောင်​လာ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ