အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
သူကြီး 20:18 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ဗေ သ လ မြို့ သို့ ချီ သွား ပြီး လျှင်၊ အ ကျွန်ုပ် တို့ အ ဖို့ ဗင်္ယာ မိန့် အ နွယ် နှင့် စစ် ပြိုင် ရန် မည် သူ ဦး စား ချီ တက် ရ ပါ မည် နည်း ဟု ဘု ရား သ ခင် အား မေး လျှောက် ကြ ရာ၊ ထာ ဝ ရ ဘု ရား က ယု ဒ အ နွယ် ဦး စွာ ချီ ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း Judson Bible ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။ |
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။
သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် နံနက်အချိန်ချီတက်၍ ဂိဗာမြို့အနီးတွင် စခန်းချ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။