အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
သူကြီး 2:21 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသေလွန်ပြီးမှ သူတို့ထဲတွင် ကျန်နေခဲ့သောမည်သည့်လူမျိုးခြားကိုမျှ သူတို့ရှေ့မှ ငါနှင်ထုတ်တော့မည်မဟုတ်။ Common Language Bible ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် ကို ဘိုး ဘေး တို့ စောင့် ရှောက် လိုက် နာ ကြ သည့် နည်း တူ သား မြေး တို့ စောင့် ရှောက် မည် မ စောင့် ရှောက် မည် ကို လူ မျိုး ခြား တို့ အား ဖြင့် စုံ စမ်း စေ ရန် ယော ရှု ကွယ် လွန် သည့် ကာ လ ကြွင်း ရစ် သော လူ မျိုး ခြား တို့ အ နက် တစ် စုံ တစ် ယောက် ကို မျှ သူ တို့ ရှေ့ မှ ငါ မ နှင် မ ထုတ် ချေ ဟု မိန့် တော် မူ သည် နှင့် အ ညီ Judson Bible ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစ်စုံတစ်မျိုးကို သူတို့ရှေ့မှ နောက်တစ်ဖန် ငါမနှင်ထုတ်။ |
အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူမည်။ သင်တို့၏ရှေ့မှဖယ်ရှားတော်မူမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သင်တို့သည် ထိုလူမျိုးတို့၏ပြည်ကို အပိုင်ရလိမ့်မည်။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်
ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။
ခါနာန်ပြည်စစ်ပွဲတွင် မပါဝင်ဖူးသောအစ္စရေးလူမျိုးများကို စမ်းသပ်ရန် ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများမှာ
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။