သူကြီး 2:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 တစ် ဖန် လည်း ငါ က၊ ဤ ပြည် သူ ပြည် သား တို့ ကို သင် တို့ ရှေ့ မှ ငါ နှင် ထုတ် မည် မ ဟုတ်။ သူ တို့ သည် သင် တို့ နံ ဘေး တွင် ဆူး သ ဖွယ်၊ သူ တို့ ဘု ရား များ လည်း ကျော့ ကွင်း သ ဖွယ် ဖြစ် ကြ လိမ့် မည် ဟု ဆို ခဲ့ ကြောင်း မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 တစ်ဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တစ်ဖက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။