သူကြီး 2:21 - Common Language Bible21 ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible21-22 ငါ ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် ကို ဘိုး ဘေး တို့ စောင့် ရှောက် လိုက် နာ ကြ သည့် နည်း တူ သား မြေး တို့ စောင့် ရှောက် မည် မ စောင့် ရှောက် မည် ကို လူ မျိုး ခြား တို့ အား ဖြင့် စုံ စမ်း စေ ရန် ယော ရှု ကွယ် လွန် သည့် ကာ လ ကြွင်း ရစ် သော လူ မျိုး ခြား တို့ အ နက် တစ် စုံ တစ် ယောက် ကို မျှ သူ တို့ ရှေ့ မှ ငါ မ နှင် မ ထုတ် ချေ ဟု မိန့် တော် မူ သည် နှင့် အ ညီ အခန်းကိုကြည့်ပါ။Judson Bible21 ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစ်စုံတစ်မျိုးကို သူတို့ရှေ့မှ နောက်တစ်ဖန် ငါမနှင်ထုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ယောရှုသေလွန်ပြီးမှ သူတို့ထဲတွင် ကျန်နေခဲ့သောမည်သည့်လူမျိုးခြားကိုမျှ သူတို့ရှေ့မှ ငါနှင်ထုတ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
သင်တို့သည်သိမ်းယူရန်ကျန်ရှိနေသေးသော နိုင်ငံများသို့ချီတက်တိုက်ခိုက်သောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုနိုင်ငံသားတို့ကိုသင်တို့ထံမှဆုတ် ခွာထွက်ပြေးစေတော်မူလိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိ တော်အတိုင်းသင်တို့သည်သူတို့၏နယ် မြေကိုသိမ်းပိုက်ကြလိမ့်မည်။-