မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
သူကြီး 2:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။ Common Language Bible သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။- Garrad Bible အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍ ထက် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက် အ ချို့ သော ဘု ရား နောက် သို့ လိုက် လျက် ရှိ ခိုး ကြ သ ဖြင့် ထာ ဝ ရ ဘု ရား အား အ မျက် တော် တိုက် ကြ ၏။ Judson Bible အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ |
မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ထိုအခါ သင်က သူတို့အား ‘ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများနောက်သို့ လိုက်ကြပြီ။ ထိုဘုရားတို့ကို အစေခံကြပြီ။ ပျပ်ဝပ်ကြပြီ။ ငါပညတ်ထားသောတရားကို မစောင့်ထိန်းကြ။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
ယနေ့ ငါတို့ဘုရားသခင်ထာဝရဘုရားထံတော်မှ စိတ်နှလုံးလမ်းလွဲ၍ ထိုလူမျိုးတို့၏ဘုရားများကိုသွားရောက်ဝတ်ပြုသည့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ မျိုးနွယ်စုဖြစ်စေ၊ မျိုးနွယ်ဖြစ်စေ သင်တို့တွင် မရှိစေရ။ သင်တို့တွင် အဆိပ်ရှိ၍ခါးသောအသီးကို သီးစေသောအမြစ်မရှိစေရ။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။
သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင်
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။
သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။