သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
သူကြီး 2:10 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုလက်ထက်မျိုးဆက်တစ်ဆက်လုံး သေဆုံး၍ဘိုးဘေးတို့စုစည်းရာသို့ ရောက်လေ၏။ ထိုမျိုးဆက်ပြီးမှ ထာဝရဘုရားကို မသိသော၊ အစ္စရေးအမျိုးသားတို့အဖို့ ထာဝရဘုရားပြုတော်မူသောအမှုကိုမသိသော နောက်မျိုးဆက်တစ်ဆက် ပေါ်လာ၏။ Common Language Bible ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။ Garrad Bible ထို တစ် ဆက် လုံး လည်း ဘိုး ဘေး တို့ ထံ ရောက် ကြ ပြီး နောက် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ စီ ရင် တော် မူ သော အ မှု ကို လည်း ကောင်း၊ မ သိ သော တစ် ဆက် ပေါ် ပေါက် လာ သ တည်း။ Judson Bible ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
(ဣရှမေလအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ သူသည် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။)
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ယာကုပ်သည် သူ၏သားတို့ကိုမှာကြားပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားနည်းလမ်းတို့ကို ငါတို့မသိလိုပါ။
နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
ဆင်းရဲနွမ်းပါးသူတို့၏အမှုကို တရားသဖြင့်စီရင်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ ဤသည်ကား ငါ့ကိုသိကျွမ်းခြင်းကြောင့်ပင်မဟုတ်လော”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။
ထိုပြည်ကိုကြည့်ရှုပြီးသောအခါ သင်၏အစ်ကိုအာရုန်ကဲ့သို့ သင်သည်လည်း မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။