ယောရှု 24:31 - မြန်မာ့စံမီသမ္မာကျမ်း
31 အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
31 ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
31 ဣ သ ရေ လ လူ မျိုး သည် ယော ရှု လက် ထက် ကာ လ ပတ် လုံး မှ စ၍၊ ၎င်း လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော အ မှု အ လုံး စုံ ကို သိ မြင် သူ၊ ယော ရှု မ ရှိ နောက် အ သက် ရှင် သေး သော လူ ကြီး တို့ လက် ထပ် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ ကုန်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
31 ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှတို့ကိုသိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ