ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
သူကြီး 2:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။ Common Language Bible ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။- Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ဂိ လ ဂါ လ မြို့ မှ ဗော ခိမ် မြို့ သို့ ကြွ လာ၍၊ သင် တို့ ဘိုး ဘေး များ အား သစ္စာ ထား သော ဤ ပြည် ရောက်၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော ငါ က သင် တို့ နှင့် ဖွဲ့ ထား သော ပ ဋိ ညာဉ် ကို မည် သည့် အ ခါ မျှ ငါ ဖျက် မည် မ ဟုတ်။ Judson Bible ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲစောင့်မည်။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
“ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။ ငါ၏အစေအပါးဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။
ငါ၏ပဋိညာဉ်ကိုလည်း ရှုတ်ချမည်မဟုတ်။ ငါ၏နှုတ်ထွက်စကားကိုလည်း ပြောင်းလဲစေမည်မဟုတ်။
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
အစ္စရေးတပ်ရှေ့မှသွားသောဘုရားသခင်၏ကောင်းကင်တမန်သည် သူတို့နောက်သို့ပြောင်း၍လိုက်လေ၏။ မိုးတိမ်တိုင်သည်လည်း သူတို့၏ရှေ့မှ နောက်သို့ပြောင်း၍ ရပ်လေ၏။
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်ရန်လည်းကောင်း၊ ငါပြင်ဆင်ထားသောနေရာသို့ သင့်ကိုပို့ဆောင်ရန်လည်းကောင်း သင်၏ရှေ့၌ ကောင်းကင်တမန်ကို ငါစေလွှတ်၏။
ထိုအခါ ကိုယ်တော်က “ငါကိုယ်တိုင်ကြွမည်။ သင့်ကို သက်သာခွင့်ပေးမည်”ဟု မိန့်တော်မူ၏။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
ငါသည် ယာကုပ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တို့ကို ငါအောက်မေ့မည်။ သူတို့၏ပြည်ကိုလည်း ငါအောက်မေ့မည်။
ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
လူမျိုးတကာနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ပယ်ဖျက်ရန် ငါသည် ကျေးဇူးတော်တောင်ဝှေးကို ယူ၍ ချိုးပစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
သင်၏ဘုရား ခေမုရှ ပေးသောပြည်ကို သင်ပိုင်သည်မဟုတ်လော။ ထိုနည်းတူ ငါတို့၏ဘုရားသခင်ထာဝရဘုရားပေးသောပြည်ကို ငါတို့ပိုင်၏။
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ထံသို့ ပရောဖက်တစ်ပါးကိုစေလွှတ်တော်မူ၏။ ထိုပရောဖက်က သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ကျွန်ခံရာအိမ်မှ ခေါ်ထုတ်ခဲ့၏။