အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
သူကြီး 19:18 - မြန်မာ့စံမီသမ္မာကျမ်း လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။ Common Language Bible လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။- Garrad Bible ယု ဒ နယ်၊ ဗက် လင် မြို့ မှ ဧ ဖ ရိမ် ခင် တန်း အ စွန်း အ ဖျား အ ရောက် ခ ရီး လာ ခဲ့ ပါ သည်။ ကျွန် တော် သည် ထို ခင် တန်း သား ဖြစ် ပါ၍ ယု ဒ နယ် ဗက် လင် မြို့ သို့ အ လည် သွား ရာ မှ အိမ် သို့ ယ ခု ပြန် လာ သော် မြည်း အ ဖို့ ကောက် ရိုး နှင့် အ ခြား အ စာ များ ပါ ရှိ သည့် ပြင် ကျွန် တော် မှ စ၍ အ ရှင့် ကျွန် မ နှင့် လိုက် ခဲ့ သူ ငယ် သား အ ဖို့ စား သောက် ရန် ပါ ရှိ သည် ဖြစ်၍ လို လေ သေး သည် မ ရှိ ပါ သော် လည်း၊ တည်း ခို ရန် ခေါ် ဖိတ် သူ မ ရှိ ချေ ဟု ဆို လျှင်၊ Judson Bible ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သား ဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခု ထာဝရဘုရား၏အိမ်တော်သို့သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။ |
အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
သင်၏အိမ်နီးချင်းအိမ်သို့ တစ်ခါတစ်ရံသာ ခြေဦးလှည့်လော့။ သို့မဟုတ်လျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
လေဝိလူငယ်တစ်ယောက်သည် ယုဒမျိုးနွယ်စုအပိုင် ယုဒပြည်၊ ဗက်လင်မြို့၌ တည်းခိုနေထိုင်၏။
သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
ထိုအဖိုးအိုသည် လှမ်းကြည့်၍ မြို့အလယ်လမ်းဆုံလမ်းခွ၌ ခရီးသွားဧည့်သည်ကိုမြင်လျှင် အဖိုးအိုက “မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်နည်း”ဟု မေးလေ၏။
အကျွန်ုပ်တို့ မြည်းများအတွက် ကောက်ရိုးအပြင် အခြားတိရစ္ဆာန်အစာများလည်းရှိပါ၏။ အကျွန်ုပ်နှင့် အကျွန်ုပ်မယား၊ အကျွန်ုပ်ငယ်သားတို့အတွက် မုန့်နှင့် စပျစ်ဝိုင် ရှိပါ၏။ ဘာမျှမလိုအပ်ပါ”ဟု ပြန်ဖြေ၏။
လေးရက်မြောက်သောနေ့တွင် သူတို့သည် နံနက်စောစောထ၍ပြန်သွားရန် ပြင်ဆင်၏။ သို့သော် မယားငယ်၏ဖခင်က “အားရှိအောင် နည်းနည်းစားသောက်ပြီးမှ သွားပါ”ဟု သမက်အား ဆိုသဖြင့်
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။