လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
သူကြီး 18:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ စစ်လက်နက်စွဲကိုင်သောလူခြောက်ရာနှင့်ယဇ်ပုရောဟိတ်သည် တံခါးဝ၌ရပ်နေစဉ် လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်တို့သည် အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ကို ယူလေ၏။ Common Language Bible ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။ Garrad Bible နယ် ကို အ စူး အ စမ်း သွား ဖူး သူ ငါး ယောက် တို့ ချဉ်း ကပ် ဝင် ရောက် ပြီး လျှင် ဧ ဖုဒ် အ ရုပ်၊ တေ ရပ် အ ရုပ်၊ သွန်း ထု ပြီး ရုပ် ပွား ဆင်း ထု များ ကို ခိုး ယူ ကြ ရာ၊ ပ ရော ဟိတ် သည် စစ် လက် နက် ဆင် ယင် ပြီး သော သူ ရဲ ခြောက် ရာ တို့ နှင့် အ တူ တံ ခါး ဝ အ နီး စောင့် နေ ၏။ Judson Bible လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ဝင်၍၊ |
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ထိုသူတို့ပြုလုပ်ထားသော နွားသငယ်ရုပ်တုကိုလည်း ယူ၍ မီးရှို့အမှုန့်ကြိတ်ပြီးလျှင် ရေပေါ်သို့ကြဲ၍ အစ္စရေးအမျိုးသားတို့ကို သောက်စေ၏။
သူတို့အားလုံးသည် အနတ္တသက်သက်၊ သူတို့ပြုသောအမှုတို့သည် အချည်းနှီးသက်သက်၊ သူတို့သွန်းလုပ်သောရုပ်တုတို့သည် အလဟဿ၊ အချည်းနှီးဖြစ်၏။
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
သင်၏ရုပ်တုဆင်းတုများ၊ အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း သင့်ထံမှ ငါဖယ်ရှားပစ်မည်။ သင့်လက်ဖြင့် ထုလုပ်သောဘုရားများကို သင်ရှိခိုးကိုးကွယ်ရတော့မည်မဟုတ်။
ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
ထိုသူတို့သည် မိက္ခာ၏အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့်သွန်းလုပ်ထားသောရုပ်တုတို့ကို ယူကြသဖြင့် ယဇ်ပုရောဟိတ်က သူတို့အား “သင်တို့ ဘာလုပ်နေကြသနည်း”ဟု မေး၏။
ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။
ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။
ထို့နောက် မိခါလသည် တေရပ်ရုပ်တုကိုယူ၍ အိပ်ရာပေါ်တင်ထားပြီး ဆိတ်မွေးခေါင်းအုံး အုံးစေကာ အဝတ်နှင့်လွှမ်းထား၏။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။