ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့မှ ဂျေရုဆလင်မြို့ရှိ မိမိပြင်ဆင်ထားသောတဲတော်ရှိရာနေရာသို့ ဆောင်ယူခဲ့ပြီးဖြစ်၏။
သူကြီး 18:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့အနီးသို့ရောက်သောအခါ စခန်းချကြ၏။ ထို့ကြောင့် ထိုအရပ်ကို မဟာနေဒန် ဟုယနေ့တိုင်အောင် ခေါ်တွင်၏။ ထိုအရပ်သည် ကိရယတ်ယာရိမ်မြို့၏အနောက်ဘက်တွင်ရှိ၏။ Common Language Bible သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။- Garrad Bible ဇော ရာ မြို့၊ ဧ ရှ တော လ မြို့ များ မှ ချီ ထွက် ခ ရီး သွား ကြ ရာ၊ ယု ဒ နယ်၊ ကိ ရ ယတ် ယာ ရိမ် မြို့ မှာ စွဲ ရပ် သည် ဖြစ်၍ ထို အ ရပ် ကို ယ နေ့ တိုင် အောင် မ ဟာ နေ ဒန် ဟု ခေါ် ဝေါ် ကြ သ တည်း။ ထို စ ခန်း သည် ကိ ရ ယတ် ယာ ရိမ် မြို့ နှင့် ကျော ချင်း ကပ် တည် ရှိ ၏။ Judson Bible သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။ |
ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့မှ ဂျေရုဆလင်မြို့ရှိ မိမိပြင်ဆင်ထားသောတဲတော်ရှိရာနေရာသို့ ဆောင်ယူခဲ့ပြီးဖြစ်၏။
ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်မြို့၊ ရဗ္ဗာမြို့ စသည့်မြို့နှစ်မြို့နှင့်ရွာများ ပါ၏။
တစ်ဖန် နယ်နိမိတ်သည် ထိုတောင်ထိပ်မှ နေဖတောစမ်းရေတွင်းသို့ ကွေ့သွား၍ ဧဖရုန်တောင်ရှိ မြို့များသို့ရောက်၏။ ထိုမှ နယ်နိမိတ်သည် ကိရယတ်ယာရိမ် ခေါ် ဗာလာအရပ်သို့ ကွေ့သွား၏။
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့ရှိ ဒန်မျိုးနွယ်စုထဲမှ လူခြောက်ရာတို့သည် စစ်တိုက်ရန် လက်နက်စွဲကိုင်လျက် ချီတက်သွားရာ
သူတို့သည် ထိုအရပ်မှ ဆက်ချီတက်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ ရောက်ကြ၏။
ထို့နောက် သူတို့သည် ကိရယတ်ယာရိမ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ပြန်ပို့လာပြီ။ သင်တို့လာ၍ ယူဆောင်သွားကြပါလော့”ဟု မှာလိုက်လေ၏။
ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။