မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
သူကြီး 11:29 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။ Common Language Bible ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ယေ ဖ သ အ ပေါ် တွင် ကိန်း ဝပ် သ ဖြင့် ဂိ လဒ် နယ် မိ ဇ ပါ မြို့ တိုင် အောင်၊ ဂိ လဒ် နယ်၊ မ နာ ရှေ နယ် များ ကို လျှောက် သွား ပြီး လျှင်၊ ထို မြို့ မှ အ မ္မုန် အ မျိုး သား တို့ ရှိ ရာ အ ရောက် ချီ တက် လေ၏။ Judson Bible ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုလျှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။ |
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။
ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။
ယေဖသက “ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်ဆိုလျှင်
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်တော်မူသဖြင့် သူသည် တံပိုးကိုမှုတ်လိုက်သောအခါ အဗျေဇာအမျိုးသားတို့သည် သူ့ထံ လာရောက်စုဝေးကြ၏။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက်
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန်၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။