ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။
ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။-
အ ရှင့် စ ကား အ တိုင်း အ မှန် ပြု ပါ မည်။ ထာ ဝ ရ ဘု ရား သည် အ ရှင် နှင့် ကျွန် တော် တို့ ကြား တွင် သက် သေ ဖြစ် ပါ စေ သော ဟု ယေ ဖ သ အား ဝန် ခံ ကြ၏။
ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။
သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ သူတို့ဖခင်၏ဘုရားသည် ငါတို့ကြား၌ တရားစီရင်တော်မူပါစေသော”ဟု ဆို၏။ ယာကုပ်သည်လည်း မိမိဖခင်ဣဇက်ကြောက်ရွံ့သောဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
သူတို့ကလည်း ယေရမိအား “အရှင်မှတစ်ဆင့် အကျွန်ုပ်တို့အား အရှင်၏ဘုရားသခင်ထာဝရဘုရားမိန့်ဆိုသမျှကို အကျွန်ုပ်တို့မပြုလျှင် ထာဝရဘုရားသည် အကျွန်ုပ်တို့အတွက် မှန်ကန်သောသက်သေ၊ သစ္စာရှိသောသက်သေဖြစ်တော်မူပါစေ။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။
ထိုအချိန်က သင်တို့၏တရားသူကြီးများကိုလည်း ‘သင်တို့၏အမျိုးသားချင်းတို့ထဲ၌ရှိသောအမှုများကိုနားထောင်၍ အမျိုးသားအချင်းချင်းကြား၌ဖြစ်စေ၊ အမျိုးသားချင်းနှင့် သူ့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကြား၌ဖြစ်စေ ဖြောင့်မတ်စွာတရားစီရင်ရမည်။
ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “အမ္မုန်အမျိုးသားတို့ကိုတိုက်ခိုက်ရန် သင်တို့သည် ငါ့ကိုပြန်ခေါ်၍ ထာဝရဘုရားသည်လည်း အမ္မုန်အမျိုးသားတို့ကို ငါ့လက်သို့အပ်တော်မူမည်ဆိုလျှင် ငါသည် သင်တို့၏ခေါင်းဆောင်ဖြစ်လာရမည်”ဟု ပြန်ပြော၏။
ရှမွေလကလည်း “သင်တို့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ မယူခဲ့ကြောင်း ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ယနေ့ ကိုယ်တော်၏ဘိသိက်ခံသူလည်း သက်သေဖြစ်၏”ဟု ဆိုလျှင် သူတို့ကလည်း “သက်သေဖြစ်ပါ၏”ဟု ဆိုကြ၏။
ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။