Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 1:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​အချိန်​က သင်​တို့​၏​တရားသူကြီး​များ​ကို​လည်း ‘​သင်​တို့​၏​အမျိုးသားချင်း​တို့​ထဲ၌​ရှိ​သော​အမှု​များ​ကို​နားထောင်​၍ အမျိုးသား​အချင်းချင်း​ကြား​၌​ဖြစ်စေ​၊ အမျိုးသားချင်း​နှင့် သူ့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ကြား​၌​ဖြစ်စေ ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို အ ခါ၌ ပင် သင် တို့ တ ရား သူ ကြီး တို့ အား ငါ က၊ သင် တို့ ဆွေ မျိုး သား ချင်း တွင် အ ချင်း ချင်း ဖြစ် စေ၊ ဝင် နေ သူ နှင့် ဖြစ် စေ၊ အ မှု ရှိ လျင်၊ နာ ခံ၍ တ ရား သ ဖြင့် ဆုံး ဖြတ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 တ​ရား​သူ​ကြီး​တို့​အား​လည်း၊ သင်​တို့ ညီ​အစ်​ကို၏​အ​မှု​တို့​ကို​နား​ထောင်၍ အ​မျိုး​သား​ချင်း တ​ရား​တွေ့​သည်​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​နှင့် တွေ့​သည်​ဖြစ်​စေ၊ တ​ရား​သ​ဖြင့်​စီ​ရင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 1:16
22 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ ကွပ်မျက်​သော​အမှု​မျိုး​ပြု​ခြင်း​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​ကဲ့သို့ ခံစား​စေ​သော​အမှု​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​တရားစီရင်​တော်မူ​သော​အရှင်​သည် တရားမျှတ​စွာ​ပြု​တော်မူ​မည်​မ​ဟုတ်​လော​”​ဟု လျှောက်​လေ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော အစ္စရေး​လူမျိုး​၏​ကျောက်ဆောင်​က ငါ့​အား ‘​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ လူ​ကို ဖြောင့်မှန်​စွာ အုပ်စိုး​သော​သူ​သည်


အို အားကြီး​သော​သူ​တို့​၊ အကယ်စင်စစ် သင်​တို့​သည် ဖြောင့်မတ်​စွာ​ပြောဆို​ကြ​သလော​။ လူသား​တို့​ကို သမာသမတ်​ရှိ​စွာ တရားစီရင်​ကြ​သလော​။


သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​အား နိုင်ထက်စီးနင်း​မ​ပြု​ရ​၊ မ​ညှဉ်းဆဲ​ရ​။


သင်​၏​နှုတ်​ကို​ဖွင့်​လျက် ဖြောင့်မတ်​စွာ​တရားစီရင်​လော့​။ အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​၏​အခွင့်အရေး​ကို ကာကွယ်စောင့်ရှောက်​ပေး​လော့​။


တရားစီရင်​ရာ​တွင် မတရားသဖြင့် မ​စီရင်​ရ​။ ဆင်းရဲ​သော​သူ​ကို ဘက်​မ​လိုက်​ရ​။ ချမ်းသာ​သော​သူ​ကို​လည်း မ​လိုက်လျော​ရ​။ သင်​၏​အိမ်နီးချင်း​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။


တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ သင်​တို့​၌ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် သူ့​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​အပေါင်း​တို့​၏​ရှေ့​၌ ရပ်​စေ​၍ သူ​တို့​ရှေ့မှောက်​၌ သူ့​ကို​မိန့်မှာ​လော့​။


အပြင်ပန်း​အားဖြင့် လူ​ကို​မ​စီရင်​ဘဲ တရားမျှတ​စွာ​စီရင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် ပညာရှိ​ပြီး အတွေ့အကြုံ​လည်း​ရှိ​သော သင်​တို့​၏​မျိုးနွယ်​အကြီးအမှူး​တို့​ကို ငါ​ခေါ်ယူ​ပြီးလျှင် သူ​တို့​အား သင်​တို့​မျိုးနွယ်​ကို​ကြီးကြပ်အုပ်ချုပ်​သော​သူ​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်​ဖြင့် ခန့်ထား​၏​။


သင့်​ပြည်​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ​၊ သင်​၏​အမျိုးသားချင်း​ထဲမှ​ဖြစ်စေ ဆင်းရဲ​နွမ်းပါး​သော သူရင်းငှား​ကို အနိုင်အထက်​မ​ပြု​ရ​။


လူ​နှစ်​ယောက် ခိုက်ရန်ဖြစ်ပွား​ကြ​လျှင် တရားရုံး​သို့​သွား​ရ​မည်​။ တရားသူကြီး​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်မရှိ​ဟု​စီရင်​ရ​မည်​။ ဆိုးယုတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​ရ​မည်​။


ထို​နေ့​၌ မောရှေ​က လူမျိုး​တော်​အား


ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​သေ​ရ​မည့်​အချိန်​နီး​ပြီ​။ ယောရှု​အား ငါ​တာဝန်ပေးအပ်​မည်​ဖြစ်၍ သူ့​ကို​ခေါ်​ပြီး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​ယောရှု​တို့​သွား​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ရပ်​နေ​ကြ​၏​။


သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက်


သင်​သည် ဤ​အရာ​တို့​ကို ခွဲခြား​ခြင်း​မ​ရှိ​ဘဲ စောင့်ရှောက်​၍ မည်သည့်​အရာ​ကို​မျှ ဘက်လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြုမူ​ရန် ဘုရားသခင်​နှင့် ခရစ်တော်​ယေရှု​မှစ၍ ရွေးကောက်​ခံရ​သော​ကောင်းကင်​တမန်​တို့​ရှေ့​၌ ငါ​အလေးအနက်​တိုက်တွန်း​၏။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ