သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
သူကြီး 1:15 - မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “လက်ဖွဲ့တစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။ Common Language Bible ``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။ Garrad Bible ကောင်း ကြီး ပေး စေ လို ပါ၏။ ကိုယ် တော် သည် နေ ဂပ် ခ ရိုင် တွင် ကျွန် မ ကို နေ စေ သည် ဖြစ်၍၊ စမ်း ရေ တွင်း ကို ပေး ပါ ဦး ဟု တောင်း ဆို သည့် အ လျောက် အ ထက် စမ်း ရေ တွင်း နှင့် အောက် စမ်း ရေ တွင်း များ ကို ပေး လေ ၏။ Judson Bible သမီးက၊ ကောင်းချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည်အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။ |
သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။
သူကလည်း “ကောင်းချီးတစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းများနှင့်တကွ အောက်စမ်းရေတွင်းများကိုပါ ပေးလေ၏။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
အာခသသည် ခင်ပွန်းနှင့်လိုက်သွားစဉ် မိမိဖခင်ထံမှလယ်တစ်ကွက် တောင်းကြမည်ဟု ခင်ပွန်းသည်အားဆိုလျက် မြည်းပေါ်ကဆင်းသောအခါ ကာလက်က “ဘာအလိုရှိသနည်း”ဟု မေး၏။
မောရှေယောက္ခမ၏သားမြေး ကေနိအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်နေဂေ့အရပ်ရှိ ယုဒတောကန္တာရသို့ လိုက်သွား၍ ထိုအရပ်သားတို့နှင့်အတူ နေထိုင်ကြ၏။
ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်
ယခု သခင့်အဖို့ သခင့်ကျွန်မ ယူလာသောလက်ဆောင်ကို သခင့်နောက်လိုက်ငယ်သားတို့အား ပေးလိုက်ပါရစေ။