သူကြီး 1:15 - Common Language Bible15 ``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible15 ကောင်း ကြီး ပေး စေ လို ပါ၏။ ကိုယ် တော် သည် နေ ဂပ် ခ ရိုင် တွင် ကျွန် မ ကို နေ စေ သည် ဖြစ်၍၊ စမ်း ရေ တွင်း ကို ပေး ပါ ဦး ဟု တောင်း ဆို သည့် အ လျောက် အ ထက် စမ်း ရေ တွင်း နှင့် အောက် စမ်း ရေ တွင်း များ ကို ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သမီးက၊ ကောင်းချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည်အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သူကလည်း “လက်ဖွဲ့တစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-