Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 6:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကြောင်းမူကား မြေကြီး​သည် မိမိ​အပေါ်​အကြိမ်ကြိမ်​ကျ​သော​မိုး​ရေ​ကို​သောက်​လျက် ထွန်ယက်​စိုက်ပျိုး​သော​သူ​တို့​အတွက် အသုံးဝင်​သည့်​အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​ပါက ဘုရားသခင်​ထံမှ​ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ကြိမ် ကြိမ် ရွာ သော မိုး ရေ ကို သောက် ပြီး သော် ထွန် ယက် စိုက် ပျိုး သူ တို့ အ ဖို့ အ သုံး ဝင် သည့် ကောက် ပဲ ထွက် စေ သော မြေ သည် ဘု ရား သ ခင့် ထံ ကောင်း ကြီး မင်္ဂ လာ ခံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 မြေကြီး​သည် မိမိ​အပေါ် အဆက်မပြတ်​ရွာသွန်းသော မိုးရေ​ကို သောက်သုံး​၍ စိုက်ပျိုးသူတို့​အတွက် အသီးအနှံ​ကို ဖြစ်ထွန်းစေ​လျှင် ထို​မြေကြီး​သည် ဘုရားသခင်​ထံမှ ကောင်းချီး​ကို ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 6:7
17 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သီးစားပင်​ကို​လည်းကောင်း မြေ​ပေါ်၌ ပေါက်​စေ​လော့​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။


ယာကုပ်​သည် သူ့​ထံသို့​ချဉ်းကပ်​၍ နမ်း​လေ​၏​။ ထိုအခါ ဣဇက်​သည် ယာကုပ်​အဝတ်​၏​အနံ့​ကို​ခံ​၍ “​ကြည့်ရှု​လော့​။ ငါ့​သား​၏​အနံ့​သည် ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​လယ်​၏​ရနံ့​နှင့်​တူ​၏​။


မျက်ရည်ကျ​လျက် ကြဲစရာ​မျိုးစေ့​ကို​သယ်ဆောင်​၍ ထွက်သွား​သော​သူ​သည် မိမိ​၏​ကောက်လှိုင်း​များ​ကို​သယ်ဆောင်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် မုချ​ပြန်လာ​လိမ့်မည်​။


ထို​သူ​သည် ထာဝရဘုရား​ထံ​မှ ကောင်းချီးမင်္ဂလာ​ကို​လည်းကောင်း​၊ သူ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထံမှ ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။


အကြောင်းမူကား ငါ​သည် ရေငတ်​နေ​သော​ပြည်​အပေါ် ရေ​ကို​သွန်းလောင်း​မည်​။ ခြောက်သွေ့​သော​မြေ​ပေါ်တွင် စမ်းရေ​စီး​စေ​မည်​။ သင်​၏​သားစဉ်မြေးဆက်​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သင်​၏​သားမြေး​တို့​အပေါ် ငါ့​ကောင်းချီးမင်္ဂလာ​ကို သွန်းလောင်း​မည်​။


သူ​တို့​နှင့်တကွ သူ​တို့​ကျက်စား​ရာ​ငါ့​တောင်​ပတ်ပတ်လည်​ကို ကောင်းချီးမင်္ဂလာ​ချပေး​မည်​။ ရာသီ​အလိုက် မိုး​ရွာသွန်း​စေ​မည်​။ ကောင်းချီးမိုး​ကို ရွာသွန်း​စေ​မည်​။


ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။


ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။


ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။


ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ